သတို့သမီးဝတ်စုံ ငှားမလား ၊ ချုပ်မလား

Featured

ဒီနေ့မှာတော့ သတို့သမီးလောင်းတော်တော်များများ မေးကြတဲ့ အကြောင်းအရာလေးကို Bride To Be  ပြောပြချင်ပါတယ်။  ထိုင်မသိမ်းနဲ့ ပွဲထွက်ဖို့ ပြင်ဆင်ထားကြတဲ့ သတို့သမီးလေးတွေက ထိုင်မသိမ်းကို အပိုင်ချုပ်တာကောင်းလား၊ ငှားဝတ်တာကောင်းလား ဝေခွဲမရဖြစ်တတ်ကြပါတယ်။ မင်္ဂလာဝတ်စုံဆိုတာကလည်း တစ်သက်မှာ တစ်ခါပဲဝတ်ရတဲ့ ဝတ်စုံဖြစ်သလို တစ်ခါဝတ်ပြီး နောက်ပြန်ဝတ်လို့ မရတော့တဲ့ ဝတ်စုံလည်းဖြစ် ပြန်ပါတယ်။ ထိုင်မသိမ်းအပိုင်ချုပ်မယ်ဆိုရင် ငွေကြေးတတ်နိုင်တဲ့သူတွေကတော့ ထိုင်မသိမ်းကို အပိုင်ချုပ်ကြပါတယ်။ ထိုင်မသိမ်းချုပ်တဲ့အခါမှာ အနည်းဆုံး ကျပ် ၁၅ သိန်းကနေ သိန်းရာချီအထိ ကုန်ကျစရိတ်ရှိပါတယ်။ သို့ သော် အပိုင်ချုပ်ထားတဲ့ ဝတ်စုံလေးဖြစ်ဖို့ ဝတ်ဆင်ရတဲ့ အခါမှာ unique ဖြစ်သလို ဘဝမှာ အမှတ်တရအနေနဲ့လည်း သိမ်းထားခွင့်ရှိပါတယ်။ ထိန်းသိမ်းတဲ့အခါမှာ တန်ဖိုးကြီးပစ္စည်းဖြစ်လို့ ဂရုတစိုက်ထိမ်းသိမ်းဖို့ လိုအပ်ပါတယ်။  ထိုင်မသိမ်းငှားရမ်းဝတ်ဆင်မယ်ဆိုရင်  နောက်ပိုင်း မင်္ဂလာဆောင်တွေမှာ ထိုင်မသိမ်းကို ငှားရမ်းဝတ်ဆင်တာတွေလည်း ခေတ်စားလာပါတယ်။ အလုပ်ရှူပ်သက်သာသလို ရွေးချယ်စရာတွေကလည်း … Continue reading သတို့သမီးဝတ်စုံ ငှားမလား ၊ ချုပ်မလား

မင်္ဂလာပွဲမှာ ကုန်ကျစရိတ်ချွေတာနိုင်မယ့် နည်းလမ်းများ

Featured

မင်္ဂလာပွဲတွေက ဈေးမသက်သာပါဘူး။ ချဲ့ရင် ချဲ့သလို ကုန်ကျစရိတ်တွေ များပါတယ်။ တစ်သက်မှာ တစ်ခါပဲ ကျင်းရတဲ့ပွဲမို့ အခမ်းနားဆုံးဖြစ်ချင်ကြတာမှန်ပေမယ့် တစ်သက်လုံးရှာဖွေစုဆောင်းထားတဲ့ ငွေကြေးတွေကို တစ်ရက်တည်းအတွက်နဲ့ သုံးပစ်လိုက်တာဖို့ကတော့ မဟုတ်သေးဘူးလေ။ ဒါကြောင့် Bride To Be Magazine ကနေ မင်္ဂလာမောင်နှံတွေအတွက် မင်္ဂလာပွဲစီစဉ်တဲ့အခါ ငွေကြေးချွေတာနိုင်မယ့် နည်းလမ်းတွေကို မျှဝေပေးသွားမှာပါ။ ✅ဈေးသက်သာတဲ့ ခန်းမရွေးပါတချို့က ကုန်ကျစရိတ်သက်သာဖို့အတွက်ပွဲမထွက်ပဲ မင်္ဂလာဦး ဆွမ်း ကျွေး ပဲလုပ်ကြပါတယ်။ ဒါကလည်း ငွေကြေးချွေတာဖို့အတွက် နည်းလမ်းတစ်ခုပါ။ သင်က ပွဲထွက်ချင်တယ်ဆိုရင်တော့ ခန်းမကြေးများတဲ့ ဟိုတယ်အစား ဘုန်းကြီးကျောင်းတွေက မင်္ဂလာခန်းမတွေကို ရွေးချယ်နိုင်ပါတယ်။ ✅ဖိတ်စာမင်္ဂလာဆောင်ဖိတ်စာကလည်း ပထမဆုံး သင် ငွေကြေးချွေတာနိုင်မယ်အရာဖြစ်ပါတယ်။ ဥပမာ- ဖိတ်စာမှာတဲ့အခါ ဈေးကြီးတဲ့ Handmade နဲ့လုပ်တဲ့ ၁၀၀၀၊ ၈၀၀ တန်တွေ လုပ်မယ့်အစား … Continue reading မင်္ဂလာပွဲမှာ ကုန်ကျစရိတ်ချွေတာနိုင်မယ့် နည်းလမ်းများ

လက်ထပ်စာချုပ် လှလှလေးတွေရနိုင်မယ့် နေရာများ

Featured

မကြာခင်မင်္ဂလာပွဲကျင်းပဖို့ စိုင်းပြင်းနေပြီဆိုရင် လက်ထပ်စာချုပ်ဝယ်ဖို့လည်း စဉ်းစားရပြီပေါ့။ နှစ်ယောက်လုံးအတွက် အရေးကြီးတဲ့ လက်ထပ်စာချုပ်လေးဖြစ်လို့ သာမာန်ကာလျှံကာမဟုတ်ဘဲ လှတပတလေးတော့လိုချင်ကြတာပဲ။ ဒီတော့ Bride To Be ကနေ သတို့သမီးလောင်းလေးတွေအတွက် လက်ထပ်စာချုပ်လှလှလေးတွေရနိုင်မယ့် နေရာတွေကို ပြောပြပေးချင်ပါတယ် Myin Thar Invitation cards Printing https://www.facebook.com/Myin-Thar-Invitation-cards-Printing-335741273176164/ Success  wedding invitations cards creation https://www.facebook.com/successweddingagre/ Sliver moon handmade https://www.facebook.com/silvermoonhandmade/ Wedding For You https://www.facebook.com/WeddingForYou2015/ Y collection Myanmar https://www.facebook.com/YCollectionMyanmar/ Thiri Handmade Invitation https://www.facebook.com/ThiriHandmade/ အခုဖော်ပြခဲ့တဲ့ဆိုင်တွေမှာ လက်ထပ်စာချုပ်အပြင်  မင်္ဂလာဆောင်ဖိတ်စာ၊ ပြန်ကမ်းစတာတွေကိုလည်း  ရရှိနိုင်မှာပါ

မင်္ဂလာပွဲအတွက် Photo Booth Frame Ideas များ

နောက်ပိုင်း မင်္ဂလာပွဲမှာ အခမ်းအနားပြင်ဆင်တဲ့အခါ ပန်းတွေသာမက Photo Booth တွေကို ထည့်သွင်းလာကြတာ တွေ့ရမှာပါ။ Photo Booth ပုံစံအများကြီးတွေထဲကမှ မင်္ဂလာပွဲလေးကို ပိုပြီးသက်ဝင် လှုပ်ရှားစေမယ့် Photo Booth Frame လေးတွေထည့်သွင်းတာလည်း ခေတ်စားလာပါတယ်။ ဓာတ်ပုံ Frame Booth တွေက ပြုလုပ်ရတာလည်း လွယ်ကူတဲ့အပြင် မင်္ဂလာပွဲမှာ မိသားစုတွေ၊ သူငယ်ချင်းတွေနဲ့ အတူတူ ပျော်ပျော်ရွင်ရွင် အမှတ်တရတွေ ဖန်တီးနိုင်မယ့် အရာတစ်ခုပါ။

အမိုက်စား Pre-wedding ဓာတ်ပုံများ

Featured

Pre-wedding အတွက် unique ဖြစ်တဲ့ idea တွေကို ရှာဖွေနေတဲ့ မင်္ဂလာမောင်နှံတွေအတွက် အမိုက်စား Pre-wedding ပုံလေးတွေကို ဖော်ပြေးလိုက်ပါတယ်။ အခုဆိုရင် ရန်ကုန်မြို့က အချို့ နောက်ဖေးလမ်းကြား တွေမှာလည်း ဆေးပန်းချီတွေနဲ့ လှပလာပြီဖြစ်လို့ ဒီလို ပုံလေးတွေ ဖန်တီးဖို့ အခွင့်ရေးတစ်ခုပါပဲနော် #BrideToBe #WeddingMagazine

မင်္ဂလာရက်မြတ်ဘယ်လိုရွေးမလဲ

Featured

မင်္ဂလာပွဲတစ်ခုပြင်ဆင်ပြီဆိုရင် အရေးကြီးလုပ်ရမယ့်အရာကတော့ မင်္ဂလာပွဲအတွက် နေ့ကောင်းရက်သာရွေးချယ်တာပဲဖြစ်ပါတယ်။ နတ်က္ခတ်ပညာရှင်တွေနဲ့ ရွေးချယ်မယ် မင်္ဂလာပွဲအတွက် နေ့ကောင်းရက်သာရွေးချယ်တဲ့အခါမှာ အများစုက နက္ခတ်ဗေဒပညာရှင်တွေဆီမှာ တွက်ချက်ပြီး အကောင်းဆုံးနေ့ကို ရွေးချယ်လေ့ရှိကြပါတယ်။ ချစ်သူနှစ်ဦးရဲ့ အထိမ်းအမှတ်နေ့တွေကို ရွေးချယ်မယ် တချို့ချစ်သူစုံတွဲတွေက မင်္ဂလာပွဲနေ့လေးကို ပိုပြီးအမှတ်တရဖြစ်စေချင်တဲ့အတွက် ချစ်သူစဖြစ်တဲ့နေ၊ ချစ်သူကောင်မလေးရဲ့ မွေးနေ့စသဖြင့် အမှတ်တရနေ့တွေကို မင်္ဂလာပွဲနေ့အဖြစ်လည်း ရွေးချယ်တတ်ကြပါတယ် ပြက္ခဒိန်ကို ကြည့်ပြီး ရက်ရွေးမယ် အကယ်လို့ သင်က ဗေဒင်တွေ တွက်ချက်ပြီးလည်း မရွေးချင်ဘူး။ ကိုယ်ဘာသာပဲ ရက်ရွေးချယ်မယ်ဆိုရင်တော့ ပြက္ခဒိန်မှာ ရက်ရာဇာဟုတ်မဟုတ် ကြည့်ပြီး ကိုယ်လိုချင်တဲ့ ရက်ကို ရွေးရုံပါပဲ။ မင်္ဂလာပွဲရက် ရွေးချယ်ရာမှာထည့်သွင်းစဉ်းစားသင့်တဲ့အချက်တွေ မင်္ဂလာပွဲအတွက် နေ့ကောင်းရက်သာရွေးချယ်ရာမှာ အထက်ကပြောခဲ့တဲအချက်တွေအပြင် လူအများလာနိုင်တဲ့ ရက်ဟုတ်မဟုတ်လဲ ထည့်သွင်းစဉ်းစားဖို့လိုပါတယ်။ ဥပမာ- စနေ၊ တနင်္ဂနွေလို ရုံးပိတ်ရက်တွေမဟုတ်ဘဲ ကြားရက်တွေမှာလုပ်မိမယ်ဆိုရင် လူတော်တော်များများသင့် … Continue reading မင်္ဂလာရက်မြတ်ဘယ်လိုရွေးမလဲ

မင်္ဂလာပွဲအတွက် ထူးခြားဆန်းပြားတဲ့ ဓာတ်ပုံ idea များ

Featured

ဒီတစ်ခါမှာတော့ မကြာခင်မင်္ဂလာပွဲဆင်နွဲမယ့် သတို့သား၊ သတို့သမီးလောင်းတွေအတွက် Bride To Be က Photo idea လေးကို မျှဝေပေးထားပါတယ်။ နိုင်ငံခြားက မင်္ဂလာဆောင်တွေ ခေတ်စားတဲ့ ဓာတ်ပုံ idea လေးတွေပါ။ ဒီက မင်္ဂလာဆောင်တွေမှာ သိပ်မရိုက်ကြသေးတာတွေ့ရပါတယ်။ သမာရိုးကျ မင်္ဂလာဆောင်ဓာတ်ပုံရိုးရိုးကြီးတွေထက် ဒီလို ပန်းလေးတွေ ၊ လိပ်ပြာလေးတွေကို အသုံးပြုပြီးရိုက်မယ်ဆိုရင် သင့်မင်္ဂလာဆောင်ပုံတွေက ပိုထူးခြားဆန်းပြားပြီး ကြည့်လို့ကောင်းမှာ သေချာပါတယ်

Pre-wedding idea

Featured

Pre-wedding ဆို ထိုင်မသိမ်းဝတ်စုံကြီးဝတ်ပြီး heavy ကြီးမရိုက်ချင်တဲ့ မင်္ဂလာမောင်နှံတွေအတွက် နောက်ပိုင်းလူငယ်တွေကြားမှာခေတ်စားတဲ့ ပေါ့ပေါ့ပါးပါး Pre-wedding idea လေးကို Bride To Be ကနေ မျှဝေပေးလိုက်ပါတယ်။ credit- Hipster Studio

မရီဇော်ရဲ့ wedding review

Featured

ချစ်စရာကောင်းတဲ့ သတို့သမီးလေး မရီဇော်ရဲ့ wedding review လေးကို Bride To Be ကနေ မျှဝေပေးလိုက်ပါတယ် ရီဇော်တို့ပွဲလေးကတော့ ဧပရယ် ၇ ရက်နေ့မှာ Excel River View Hotel မှာကျင်းပပြုလုပ်ခဲ့တာပါ။ အခမ်းအနားမှူးဦးသန်းမြတ်စိုး ၊ အခါတော်ပေးမနှင်းဝတ်ရည် ( အိမ်မက်ဆုံရာ)ပါ၊ စောင်းပညာရှင်ဒေါ်ချိုသက်တင်( ကထိကအမျိုးသားယဉ်ကျေးမှူနှင့်အနုပညာတက္ကသိုလ်မန္တလေး)ဖြစ်ပါတယ်။ ❤️တစ်သက်မှာတစ်ခါပွဲမို့ packageအပ်တာမျိုးလည်းမလုပ်ချင်တော့ တစ်ခုချင်းစိတ်ကြိုက်အပ်ပါတယ်။ ပွဲစစီစဉ်ကတည်းကဝန်းရံပေးကြတဲ့မိဘဆွေမျိုး မောင်နှမ နဲ့သူငယ်ချင်းအားလုံးကိုလည်းကျေးဇူးအထူးတင်ပါတယ်။ ❤️ဖိတ်စာ - ဖိတ်စာစလုပ်မယ်ဆိုတော့ hand made လေးတွေနဲ့လုပ်ချင်တယ်ပေါ့။ပန်းသတင်းက အမ စေတနာအကြီးကြီးပါပါတယ်။ ကိုယ်လိုချင်တဲ့ဒီဇိုင်းမရရအောင်ဆွဲပေးတယ်ဒီဇိုင်းဆရာနဲ့အတူ Video call နဲ့ခေါ်ပြပြီး။ ဖိတ်စာပေါ်မှာကိုယ်ကပ်ချင်တဲ့ဖဲပန်းပွင့်၊ ပုလဲလေးတွေ ၊ ဖဲကြိုးပြားလေးတွေ လက်ဝင်မှဝင်..ကပ်ရတာ😁 (စက္ကူပန်းကပ်တာမကြိုက်လို့ဖဲပန်းကလည်းပြေးရှာပေးသေးတယ်) 🥰🥰ဈေးလည်းအများကြီးမယူဖူး။ ပန်းသတင်း မှာအပ်ရင် ဂျီးများ or လူဆိုးမ … Continue reading မရီဇော်ရဲ့ wedding review

မင်္ဂလာပွဲမတိုင်ခင် ညမှာ မလုပ်သင့်အချက် ၅ ချက်

Featured

အရက်သောက်ခြင်း မင်္ဂလာပွဲမတိုင်ခင် ညမှာ အရက်သေစာသောက်စားတာက အကြံကောင်းတစ်ခုတော့မဟုတ်ပါဘူး။ အရက်မူးပြီး hangover ဖြစ်နေမယ်ဆိုရင် သင့်မင်္ဂလာပွဲလေးကို ပျက်စီးစေနိုင်ပါတယ်။ အဲ့ဒီအစား နောက်နေ့ညမှာ အဝသောက်ဖို့သာ ချန်ထားလိုက်ပါ။ အရက်မှ မဟုတ်ပါဘူး။ ညဘက် အိပ်မပျော်ဖြစ်စေတဲ့ ကဖင်းဓာတ်များတဲ့ ကော်ဖီ ၊ လက်ဖက်လို အစားသောက်မျိုးတွေကိုလည်း ရှောင်သင့်ပါတယ် ဆံပင်ပြုပြင်ခြင်း မင်္ဂလာပွဲမှာ အလှဆုံးဆံပင်လေးဖြစ်ချင်လို့ ဆံပင်ဆေးဆိုးတာ၊ အခြောက်ခံတာလုပ်တာက မမျှော်လင့်ထားတဲ့ ရလာဒ်တွေရတတ်ပါတယ်။ သင့်ဆံပင်တွေမပျက်စီးစေဖို့ ဆံပင်ပြုပြင်တော့မယ်ဆိုရင် မင်္ဂလာပွဲမတိုင်ခင် နှစ်ပတ် သုံးပတ်လောက်အလိုကတည်းက ကြိုတင်လုပ်ထားသင့်ပါတယ်။ Skincare ပြောင်းလဲသုံးစွဲခြင်း မင်္ဂလာပွဲနီးမှ အသားရေလေးပိုကောင်းလာအောင်ဆိုပြီး Skincare ပစ္စည်းပြောင်းလဲသုံးစွဲတာမျိုးလဲ မလုပ်သင့်ပါဘူး။ ကိုယ်တစ်ခါမှ မသုံးဖူးတဲ့ skincare ပြောင်းသုံးတာက အရမ်းအန္တာရာယ်များပြီး အသားရေကို ထိခိုက်စေနိုင်ပါတယ် အလွန်အကျွံစားခြင်း မင်္ဂလာပွဲနီးကပ်လေလေ စိတ်ဖိစီးမှုတွေများလေပါပဲ။ အထူးသဖြင့် … Continue reading မင်္ဂလာပွဲမတိုင်ခင် ညမှာ မလုပ်သင့်အချက် ၅ ချက်