ဒီနေ့မှာတော့ သတို့သမီးလောင်းတော်တော်များများ မေးကြတဲ့ အကြောင်းအရာလေးကို Bride To Be ပြောပြချင်ပါတယ်။ ထိုင်မသိမ်းနဲ့ ပွဲထွက်ဖို့ ပြင်ဆင်ထားကြတဲ့ သတို့သမီးလေးတွေက ထိုင်မသိမ်းကို အပိုင်ချုပ်တာကောင်းလား၊ ငှားဝတ်တာကောင်းလား ဝေခွဲမရဖြစ်တတ်ကြပါတယ်။ မင်္ဂလာဝတ်စုံဆိုတာကလည်း တစ်သက်မှာ တစ်ခါပဲဝတ်ရတဲ့ ဝတ်စုံဖြစ်သလို တစ်ခါဝတ်ပြီး နောက်ပြန်ဝတ်လို့ မရတော့တဲ့ ဝတ်စုံလည်းဖြစ် ပြန်ပါတယ်။ ထိုင်မသိမ်းအပိုင်ချုပ်မယ်ဆိုရင် ငွေကြေးတတ်နိုင်တဲ့သူတွေကတော့ ထိုင်မသိမ်းကို အပိုင်ချုပ်ကြပါတယ်။ ထိုင်မသိမ်းချုပ်တဲ့အခါမှာ အနည်းဆုံး ကျပ် ၁၅ သိန်းကနေ သိန်းရာချီအထိ ကုန်ကျစရိတ်ရှိပါတယ်။ သို့ သော် အပိုင်ချုပ်ထားတဲ့ ဝတ်စုံလေးဖြစ်ဖို့ ဝတ်ဆင်ရတဲ့ အခါမှာ unique ဖြစ်သလို ဘဝမှာ အမှတ်တရအနေနဲ့လည်း သိမ်းထားခွင့်ရှိပါတယ်။ ထိန်းသိမ်းတဲ့အခါမှာ တန်ဖိုးကြီးပစ္စည်းဖြစ်လို့ ဂရုတစိုက်ထိမ်းသိမ်းဖို့ လိုအပ်ပါတယ်။ ထိုင်မသိမ်းငှားရမ်းဝတ်ဆင်မယ်ဆိုရင် နောက်ပိုင်း မင်္ဂလာဆောင်တွေမှာ ထိုင်မသိမ်းကို ငှားရမ်းဝတ်ဆင်တာတွေလည်း ခေတ်စားလာပါတယ်။ အလုပ်ရှူပ်သက်သာသလို ရွေးချယ်စရာတွေကလည်း … Continue reading သတို့သမီးဝတ်စုံ ငှားမလား ၊ ချုပ်မလား
သတို့သမီးအရံလေးတွေအတွက် ဆံပင် စတိုင်လေးတွေ
မင်္ဂလာပွဲထွက်ပြီဆိုရင် သတို့သမီးအရံလေးတွေကလည်း မဖြစ်မနေပါလာပြီပေါ့နော်။ သတို့သမီးလေးတွေအနေနဲ့ ကိုယ့်ပွဲမှာ အလှဆုံးဖြစ်ဖို့သာမက ကိုယ်ရဲ့သတို့သမီးအရံလေေးတွလှနေဖို့လည်း တာဝန်ရှိတယ်လေ။ ဒါကြောင့် သတို့သမီးအရံလေးတွေအတွက် ဆံပင်အပြင်ဆင်လေးတွေ စဉ်းစားတဲ့အခါ စိတ်မရှူပ်ရလေအောင် Bride To Be ကနေ Hairstyle လေးတွေကို စုစည်းပေးလိုက်ပါတယ်ရှင်
မင်္ဂလာပွဲမှာ ကုန်ကျစရိတ်ချွေတာနိုင်မယ့် နည်းလမ်းများ
မင်္ဂလာပွဲတွေက ဈေးမသက်သာပါဘူး။ ချဲ့ရင် ချဲ့သလို ကုန်ကျစရိတ်တွေ များပါတယ်။ တစ်သက်မှာ တစ်ခါပဲ ကျင်းရတဲ့ပွဲမို့ အခမ်းနားဆုံးဖြစ်ချင်ကြတာမှန်ပေမယ့် တစ်သက်လုံးရှာဖွေစုဆောင်းထားတဲ့ ငွေကြေးတွေကို တစ်ရက်တည်းအတွက်နဲ့ သုံးပစ်လိုက်တာဖို့ကတော့ မဟုတ်သေးဘူးလေ။ ဒါကြောင့် Bride To Be Magazine ကနေ မင်္ဂလာမောင်နှံတွေအတွက် မင်္ဂလာပွဲစီစဉ်တဲ့အခါ ငွေကြေးချွေတာနိုင်မယ့် နည်းလမ်းတွေကို မျှဝေပေးသွားမှာပါ။ ✅ဈေးသက်သာတဲ့ ခန်းမရွေးပါတချို့က ကုန်ကျစရိတ်သက်သာဖို့အတွက်ပွဲမထွက်ပဲ မင်္ဂလာဦး ဆွမ်း ကျွေး ပဲလုပ်ကြပါတယ်။ ဒါကလည်း ငွေကြေးချွေတာဖို့အတွက် နည်းလမ်းတစ်ခုပါ။ သင်က ပွဲထွက်ချင်တယ်ဆိုရင်တော့ ခန်းမကြေးများတဲ့ ဟိုတယ်အစား ဘုန်းကြီးကျောင်းတွေက မင်္ဂလာခန်းမတွေကို ရွေးချယ်နိုင်ပါတယ်။ ✅ဖိတ်စာမင်္ဂလာဆောင်ဖိတ်စာကလည်း ပထမဆုံး သင် ငွေကြေးချွေတာနိုင်မယ်အရာဖြစ်ပါတယ်။ ဥပမာ- ဖိတ်စာမှာတဲ့အခါ ဈေးကြီးတဲ့ Handmade နဲ့လုပ်တဲ့ ၁၀၀၀၊ ၈၀၀ တန်တွေ လုပ်မယ့်အစား … Continue reading မင်္ဂလာပွဲမှာ ကုန်ကျစရိတ်ချွေတာနိုင်မယ့် နည်းလမ်းများ
လက်ထပ်စာချုပ် လှလှလေးတွေရနိုင်မယ့် နေရာများ
မကြာခင်မင်္ဂလာပွဲကျင်းပဖို့ စိုင်းပြင်းနေပြီဆိုရင် လက်ထပ်စာချုပ်ဝယ်ဖို့လည်း စဉ်းစားရပြီပေါ့။ နှစ်ယောက်လုံးအတွက် အရေးကြီးတဲ့ လက်ထပ်စာချုပ်လေးဖြစ်လို့ သာမာန်ကာလျှံကာမဟုတ်ဘဲ လှတပတလေးတော့လိုချင်ကြတာပဲ။ ဒီတော့ Bride To Be ကနေ သတို့သမီးလောင်းလေးတွေအတွက် လက်ထပ်စာချုပ်လှလှလေးတွေရနိုင်မယ့် နေရာတွေကို ပြောပြပေးချင်ပါတယ် Myin Thar Invitation cards Printing https://www.facebook.com/Myin-Thar-Invitation-cards-Printing-335741273176164/ Success wedding invitations cards creation https://www.facebook.com/successweddingagre/ Sliver moon handmade https://www.facebook.com/silvermoonhandmade/ Wedding For You https://www.facebook.com/WeddingForYou2015/ Y collection Myanmar https://www.facebook.com/YCollectionMyanmar/ Thiri Handmade Invitation https://www.facebook.com/ThiriHandmade/ အခုဖော်ပြခဲ့တဲ့ဆိုင်တွေမှာ လက်ထပ်စာချုပ်အပြင် မင်္ဂလာဆောင်ဖိတ်စာ၊ ပြန်ကမ်းစတာတွေကိုလည်း ရရှိနိုင်မှာပါ
သတို့သမီးအရံလေးတွေနဲ့ အရောင် ဆင်တူလေးဝတ်ကြမယ်
မင်္ဂလာပွဲမှာ သတို့သမီးအရံလေးတွေနဲ့ အရောင် ဆင်တူလေးဝတ်တာကလည်း idea ကောင်းတစ်ခုပါပဲ။ ပေါ်လွင်နေတဲ့ သတို့သမီးလေးဖြစ်ဖို့ ဝတ်စုံဒီဇိုင်းလေးတော့ ကွဲပြားမှုရှိပါစေနော်။ #BrideToBe #WeddingMagazine
အရမ်းအားကျရတဲ့ စုံတွဲလေး
သူတို့ကြည့်ပြီး မင်္ဂလာဆောင်ချင်စိတ်တောင် ပေါက်နေပါပြီနော်
ငယ်ရွယ်နုပျိုတဲ့ သတို့သမီးအသွင်ကို ပေးမယ့် ဆံပင်ပုံစံများ
သတို့သမီးတစ်ယောက်အတွက် မင်္ဂလာပွဲမှာ မိတ်ကပ်အပြင် ဆံပင် အပြင်ဆင်ကလည်း အရမ်းအရေးကြီးပါတယ်။ မှားယွင်းတဲ့ဆံပင်ပုံစံ ကြောင့် သင့်ရုပ်ရည်ကို ရှိရင်းစွဲအသက်ထက် ပိုမိုရင့် ရော်သွားစေနိုင်ပါတယ်။ ဒါကြောင့် မင်္ဂလာပွဲမှာ ကိုယ်နဲ့လိုက်ဖက်တဲ့ ဆံပင်အပြင်ဆင်ရွေးချယ်နိုင်ဖို့ ငယ်ရွယ်တဲ့သတို့သမီးလောင်းလေးအသွင်ကို ရစေမယ့် ဆံပင်ပုံစံတွေကို Bride To Be Magazine က ရွေးချယ်ပေးထားပါတယ်ရှင် 😍#BrideToBe#WeddingMagazine
အမိုက်စား Pre-wedding ဓာတ်ပုံများ
Pre-wedding အတွက် unique ဖြစ်တဲ့ idea တွေကို ရှာဖွေနေတဲ့ မင်္ဂလာမောင်နှံတွေအတွက် အမိုက်စား Pre-wedding ပုံလေးတွေကို ဖော်ပြေးလိုက်ပါတယ်။ အခုဆိုရင် ရန်ကုန်မြို့က အချို့ နောက်ဖေးလမ်းကြား တွေမှာလည်း ဆေးပန်းချီတွေနဲ့ လှပလာပြီဖြစ်လို့ ဒီလို ပုံလေးတွေ ဖန်တီးဖို့ အခွင့်ရေးတစ်ခုပါပဲနော် #BrideToBe #WeddingMagazine
မင်္ဂလာရက်မြတ်ဘယ်လိုရွေးမလဲ
မင်္ဂလာပွဲတစ်ခုပြင်ဆင်ပြီဆိုရင် အရေးကြီးလုပ်ရမယ့်အရာကတော့ မင်္ဂလာပွဲအတွက် နေ့ကောင်းရက်သာရွေးချယ်တာပဲဖြစ်ပါတယ်။ နတ်က္ခတ်ပညာရှင်တွေနဲ့ ရွေးချယ်မယ် မင်္ဂလာပွဲအတွက် နေ့ကောင်းရက်သာရွေးချယ်တဲ့အခါမှာ အများစုက နက္ခတ်ဗေဒပညာရှင်တွေဆီမှာ တွက်ချက်ပြီး အကောင်းဆုံးနေ့ကို ရွေးချယ်လေ့ရှိကြပါတယ်။ ချစ်သူနှစ်ဦးရဲ့ အထိမ်းအမှတ်နေ့တွေကို ရွေးချယ်မယ် တချို့ချစ်သူစုံတွဲတွေက မင်္ဂလာပွဲနေ့လေးကို ပိုပြီးအမှတ်တရဖြစ်စေချင်တဲ့အတွက် ချစ်သူစဖြစ်တဲ့နေ၊ ချစ်သူကောင်မလေးရဲ့ မွေးနေ့စသဖြင့် အမှတ်တရနေ့တွေကို မင်္ဂလာပွဲနေ့အဖြစ်လည်း ရွေးချယ်တတ်ကြပါတယ် ပြက္ခဒိန်ကို ကြည့်ပြီး ရက်ရွေးမယ် အကယ်လို့ သင်က ဗေဒင်တွေ တွက်ချက်ပြီးလည်း မရွေးချင်ဘူး။ ကိုယ်ဘာသာပဲ ရက်ရွေးချယ်မယ်ဆိုရင်တော့ ပြက္ခဒိန်မှာ ရက်ရာဇာဟုတ်မဟုတ် ကြည့်ပြီး ကိုယ်လိုချင်တဲ့ ရက်ကို ရွေးရုံပါပဲ။ မင်္ဂလာပွဲရက် ရွေးချယ်ရာမှာထည့်သွင်းစဉ်းစားသင့်တဲ့အချက်တွေ မင်္ဂလာပွဲအတွက် နေ့ကောင်းရက်သာရွေးချယ်ရာမှာ အထက်ကပြောခဲ့တဲအချက်တွေအပြင် လူအများလာနိုင်တဲ့ ရက်ဟုတ်မဟုတ်လဲ ထည့်သွင်းစဉ်းစားဖို့လိုပါတယ်။ ဥပမာ- စနေ၊ တနင်္ဂနွေလို ရုံးပိတ်ရက်တွေမဟုတ်ဘဲ ကြားရက်တွေမှာလုပ်မိမယ်ဆိုရင် လူတော်တော်များများသင့် … Continue reading မင်္ဂလာရက်မြတ်ဘယ်လိုရွေးမလဲ
ရိုးရှင်းတဲ့ဒီဇိုင်းနဲ့ Wedding Gown များ
အနောက်တိုင်းဝတ်စုံနဲ့ မင်္ဂလာပွဲကျင်းပဖို့ ပြင်ဆင်နေတဲ့ သတို့သမီးလေးတွေအတွက် ရိုးရိုးရှင်းရှင်းနဲ့ လှပတဲ့ wedding gown ဒီဇိုင်းတွေကို Bride To Be ကနေ မျှဝေပေးချင်ပါတယ် 😍😍😍
မင်္ဂလာပွဲအတွက် ထူးခြားဆန်းပြားတဲ့ ဓာတ်ပုံ idea များ
ဒီတစ်ခါမှာတော့ မကြာခင်မင်္ဂလာပွဲဆင်နွဲမယ့် သတို့သား၊ သတို့သမီးလောင်းတွေအတွက် Bride To Be က Photo idea လေးကို မျှဝေပေးထားပါတယ်။ နိုင်ငံခြားက မင်္ဂလာဆောင်တွေ ခေတ်စားတဲ့ ဓာတ်ပုံ idea လေးတွေပါ။ ဒီက မင်္ဂလာဆောင်တွေမှာ သိပ်မရိုက်ကြသေးတာတွေ့ရပါတယ်။ သမာရိုးကျ မင်္ဂလာဆောင်ဓာတ်ပုံရိုးရိုးကြီးတွေထက် ဒီလို ပန်းလေးတွေ ၊ လိပ်ပြာလေးတွေကို အသုံးပြုပြီးရိုက်မယ်ဆိုရင် သင့်မင်္ဂလာဆောင်ပုံတွေက ပိုထူးခြားဆန်းပြားပြီး ကြည့်လို့ကောင်းမှာ သေချာပါတယ်
Pre-wedding idea
Pre-wedding ဆို ထိုင်မသိမ်းဝတ်စုံကြီးဝတ်ပြီး heavy ကြီးမရိုက်ချင်တဲ့ မင်္ဂလာမောင်နှံတွေအတွက် နောက်ပိုင်းလူငယ်တွေကြားမှာခေတ်စားတဲ့ ပေါ့ပေါ့ပါးပါး Pre-wedding idea လေးကို Bride To Be ကနေ မျှဝေပေးလိုက်ပါတယ်။ credit- Hipster Studio
မရီဇော်ရဲ့ wedding review
ချစ်စရာကောင်းတဲ့ သတို့သမီးလေး မရီဇော်ရဲ့ wedding review လေးကို Bride To Be ကနေ မျှဝေပေးလိုက်ပါတယ် ရီဇော်တို့ပွဲလေးကတော့ ဧပရယ် ၇ ရက်နေ့မှာ Excel River View Hotel မှာကျင်းပပြုလုပ်ခဲ့တာပါ။ အခမ်းအနားမှူးဦးသန်းမြတ်စိုး ၊ အခါတော်ပေးမနှင်းဝတ်ရည် ( အိမ်မက်ဆုံရာ)ပါ၊ စောင်းပညာရှင်ဒေါ်ချိုသက်တင်( ကထိကအမျိုးသားယဉ်ကျေးမှူနှင့်အနုပညာတက္ကသိုလ်မန္တလေး)ဖြစ်ပါတယ်။ ❤️တစ်သက်မှာတစ်ခါပွဲမို့ packageအပ်တာမျိုးလည်းမလုပ်ချင်တော့ တစ်ခုချင်းစိတ်ကြိုက်အပ်ပါတယ်။ ပွဲစစီစဉ်ကတည်းကဝန်းရံပေးကြတဲ့မိဘဆွေမျိုး မောင်နှမ နဲ့သူငယ်ချင်းအားလုံးကိုလည်းကျေးဇူးအထူးတင်ပါတယ်။ ❤️ဖိတ်စာ - ဖိတ်စာစလုပ်မယ်ဆိုတော့ hand made လေးတွေနဲ့လုပ်ချင်တယ်ပေါ့။ပန်းသတင်းက အမ စေတနာအကြီးကြီးပါပါတယ်။ ကိုယ်လိုချင်တဲ့ဒီဇိုင်းမရရအောင်ဆွဲပေးတယ်ဒီဇိုင်းဆရာနဲ့အတူ Video call နဲ့ခေါ်ပြပြီး။ ဖိတ်စာပေါ်မှာကိုယ်ကပ်ချင်တဲ့ဖဲပန်းပွင့်၊ ပုလဲလေးတွေ ၊ ဖဲကြိုးပြားလေးတွေ လက်ဝင်မှဝင်..ကပ်ရတာ😁 (စက္ကူပန်းကပ်တာမကြိုက်လို့ဖဲပန်းကလည်းပြေးရှာပေးသေးတယ်) 🥰🥰ဈေးလည်းအများကြီးမယူဖူး။ ပန်းသတင်း မှာအပ်ရင် ဂျီးများ or လူဆိုးမ … Continue reading မရီဇော်ရဲ့ wedding review
ဒီဇိုင်နာ Sandy Linn Naing ရဲ့ ထိုင်မဝသိမ်းဝတ်စုံများ
သတို့သမီးလေးတွေကြားမှာ ရေပန်းစားတဲ့ ဒီဇိုင်နာ Sandy Linn Naing ရဲ့ မြန်မာ့ရိုးရာထိုင်မသိမ်းဝတ်စုံများကို Bride To Be ကနေ စုစည်းပေးထားပါတယ်။ #WeddingMagazine #BrideToBe
Outdoor wedding များအတွက် ပန်းအလှပြင်ဆင်ဒီဇိုင်းများ
Outdoor မင်္ဂလာပွဲလေး ဆင်နွဲဖို့စီစဉ်နေတယ်ဆိုရင် ထူးခြားလှပပြီး outdoor wedding နဲ့လိုက်ဖက်တဲ့ ပန်းအလှပြင်ဒီဇိုင်းများကို Bride To Be ကနေ စုစည်းပေးလိုက်ပါတယ် Bride To Be #weddingMagazine
မင်္ဂလာပွဲအတွက် ရင်ကပ်ပန်းဒီဇိုင်းများ
မင်္ဂလာဧည့်ခံပွဲပဲလုပ်လုပ် ဆွမ်းကျွေးပဲဖြစ်ဖြစ် ညစားစာပွဲဖြစ်ဖြစ် ရင်ကပ်ပန်းလေးတွေက မဖြစ်မနေလိုအပ်တာပေါ့။ ရင်ကပ်ပန်းလေးတွေကို ပန်းအလှဆင်ဆိုင်တွေ၊ မိတ်ကပ်ပညာရှင်တွေဆီကနေ မှာယူနိုင်သလို ကိုယ့်ဘာသာလည်း လွယ်လွယ်ကူကူလုပ်နိုင်ပါတယ်။ #BrideToBe #WeddingMagazine
Princess Wedding Dress
မင်္ဂလာပွဲမှာ ပုံပြင်ထဲက မင်းသမီးလေးတစ်ပါးလို ခံစားရစေမယ့် မင်္ဂလာဝတ်စုံဒီဇိုင်းများ
ရှေ့ရော နောက်ကျောရော အသားပေးထားတဲ့ dress လေးမို့ ငယ်ရွယ်တဲ့ သတို့သမီးလောင်းတွေနဲ့လိုက်ဖက်မှာသေချာပါတယ် #BrideToBe
မင်္ဂလာပွဲမတိုင်ခင် ညမှာ မလုပ်သင့်အချက် ၅ ချက်
အရက်သောက်ခြင်း မင်္ဂလာပွဲမတိုင်ခင် ညမှာ အရက်သေစာသောက်စားတာက အကြံကောင်းတစ်ခုတော့မဟုတ်ပါဘူး။ အရက်မူးပြီး hangover ဖြစ်နေမယ်ဆိုရင် သင့်မင်္ဂလာပွဲလေးကို ပျက်စီးစေနိုင်ပါတယ်။ အဲ့ဒီအစား နောက်နေ့ညမှာ အဝသောက်ဖို့သာ ချန်ထားလိုက်ပါ။ အရက်မှ မဟုတ်ပါဘူး။ ညဘက် အိပ်မပျော်ဖြစ်စေတဲ့ ကဖင်းဓာတ်များတဲ့ ကော်ဖီ ၊ လက်ဖက်လို အစားသောက်မျိုးတွေကိုလည်း ရှောင်သင့်ပါတယ် ဆံပင်ပြုပြင်ခြင်း မင်္ဂလာပွဲမှာ အလှဆုံးဆံပင်လေးဖြစ်ချင်လို့ ဆံပင်ဆေးဆိုးတာ၊ အခြောက်ခံတာလုပ်တာက မမျှော်လင့်ထားတဲ့ ရလာဒ်တွေရတတ်ပါတယ်။ သင့်ဆံပင်တွေမပျက်စီးစေဖို့ ဆံပင်ပြုပြင်တော့မယ်ဆိုရင် မင်္ဂလာပွဲမတိုင်ခင် နှစ်ပတ် သုံးပတ်လောက်အလိုကတည်းက ကြိုတင်လုပ်ထားသင့်ပါတယ်။ Skincare ပြောင်းလဲသုံးစွဲခြင်း မင်္ဂလာပွဲနီးမှ အသားရေလေးပိုကောင်းလာအောင်ဆိုပြီး Skincare ပစ္စည်းပြောင်းလဲသုံးစွဲတာမျိုးလဲ မလုပ်သင့်ပါဘူး။ ကိုယ်တစ်ခါမှ မသုံးဖူးတဲ့ skincare ပြောင်းသုံးတာက အရမ်းအန္တာရာယ်များပြီး အသားရေကို ထိခိုက်စေနိုင်ပါတယ် အလွန်အကျွံစားခြင်း မင်္ဂလာပွဲနီးကပ်လေလေ စိတ်ဖိစီးမှုတွေများလေပါပဲ။ အထူးသဖြင့် … Continue reading မင်္ဂလာပွဲမတိုင်ခင် ညမှာ မလုပ်သင့်အချက် ၅ ချက်
ခန္တာကိုယ်ကို ကျော့ရှင်းလှပစေမယ့် ဝတ်စုံဒီဇိုင်းများ
ရိုးရိုးရှင်းရှင်းလေးနဲ့ တော်ဝင်ဆန်တဲ့အပြင် ခန္တာကိုယ် လှပကျော့ရှင်းစေတဲ့ သတို့သမီးဝတ်စုံဒီဇိုင်းလေးတွေကို Bride To Be ရွေးချယ်တင်ဆက်ပေးထားပါတယ်
Off shoulder Wedding Dress
Wedding Dress ဆို ပခုံးကျလေးတွေကိုမှ သဘောကျတဲ့ သတို့သမီးလောင်းတွေအတွက် Off Shoulder Wedding Dress ဒီဇိုင်းများကို စုစည်းပေးထားပါတယ် #BRideToBe #WeddingMagazine
အမိုက်စား Proposal Idea များ
ချစ်သူလေးကို လက်ထပ်ခွင့်တောင်းဖို့ စီစဉ်ထားရင် idea လေးတွေတော့ စဉ်းစားထားဖို့လိုတယ်။ သင်လိုချင်တဲ့ Yes ဆိုတဲ့အဖြေကိုရဖို့ အခြေအနေအချိန်ခါနဲ့ နေရာအနေအထားတွေကလည်း အများကြီးအရေးပါပါတယ်။ ဒါကြောင့် Bride To Be ကနေ အင်စတာဂရမ် နာမည်ကြီး ပုဂ္ဂိုလ်တွေရဲ့ အမိုက်စား Proposal idea လေးတွေကို မျှဝေပေးလိုက်ပါတယ် #BrideToBe #WeddingMagazine
မင်္ဂလာပွဲမှာ သင့်ကို ပေါ်လွင်စေမယ့် အဝါရောင်သတို့သမီးဝတ်စုံလေး
ကမ်းခြေမှာ Pre-wedding ရိုက်မယ့်သူတွေအတွက် idea များ
မင်္ဂလာအခမ်းနားမှူးများနဲ့ဆက်သွယ်ရမယ့် ဖုန်းနံပါတ်များ
ဓာတ်ပုံ- ဇွဲထွက်အောင် မင်္ဂလာပွဲမှာ ပွဲထွက်တဲ့အခါပဲဖြစ်ဖြစ် ညစားစားပွဲကျင်းပတာပဲဖြစ်ဖြစ် အခမ်းနားမှူးကောင်းတစ်ယောက် ရှိဖို့ မဖြစ်မနေအရေးကြီးပါတယ်။ သတို့သမီးတွေအနေနဲ့ ကိုယ်လုပ်မယ့် ပွဲနဲ့ လိုက်ဖက်မယ့် MC ရွေးချယ်တတ်ဖို့လည်း လိုပါတယ်။ ဒါကြောင့် မင်္ဂလာပွဲပြင်ဆင်တဲ့ သတို့သမီးလောင်းတွေ ကိုယ်သဘောကျတဲ့ အခမ်းနားမှူးနဲ့ ကြိုတင်ချိတ်ဆက်နိုင်ဖို့အတွက် ဆက်သွယ်ရမယ့်ဖုန်းနံပါတ်တွေကို Bride To Be ရဲ့ Wedding Directory ကနေ ဖော်ပြပေးလိုက်ပါတယ်။ ကိုစန်းထွန်း ဖုန်း >>> 09 254512912 ၊ 09 954512912 ကိုသူရိန်မြင့် ဖုန်း>>> 09 254054988 ကိုကျော်သူလင်း ဖုန်း>>> 09 423666672 ဦးသိန်းလှမော် ဖုန်း>>> 09 095019139 ဦးရန်ပိုင်စိုး ဖုန်း>>> 01 563157 ၊ 09 421069449 … Continue reading မင်္ဂလာအခမ်းနားမှူးများနဲ့ဆက်သွယ်ရမယ့် ဖုန်းနံပါတ်များ
Plus Size သတို့သမီးဝတ်စုံများ
ဝတုတ်လေးမို့ အနောက်တိုင်းဂါဝန်လေးနဲ့ မလိုက်မှာ စိတ်ပူနေလား မင်္ဂလာပွဲမှာ Wedding Gown လှလှ လေးဝတ်ချင်ပေမယ့် ကိုယ်နဲ့မလိုက်မှာ စိတ်ပူပြီး မဝတ်လိုက်ရတာမျိုးမဖြစ်လေအောင် Bride To Be က Plus Size သတို့သမီးလေးတွေအတွက် Wedding Dress ဒီဇိုင်းတွေကို မျှဝေပေးချင်ပါတယ် မင်္ဂလာပွဲဆိုတာ တစ်သက်မှာ တစ်ခါပဲ ကျင်းပရတာမို့ ကိုယ်ဝတ်ချင်တဲ့ ဝတ်စုံလှလှလေးဝတ်ပြီးဆောင်ဖို့ အရေးကြီးပါတယ်နော်...
လက်ထပ်လိုက်ပြီဖြစ်တဲ့ Sophie Turner နဲ့ Joe Jonas 😍😀
နာမည်ကျော် Game of Thrones ရုပ်သံစီးရီးမှ မင်းသမီးလေး Sophie Turner နဲ့ အဆိုတော် Joe Jonas တို့ဟာ Las Vegas မှာ လျှိုဝှက် မင်္ဂလာလာပွဲလေးကျင်းပလိုက်ပြီဖြစ်ပါတယ်။ မေလ တစ်ရက်နေ့က ကျင်းပခဲ့တဲ့ The Baiboard Music Awards ဖျာ်ဖြေပွဲအပြီးမှာ Nick Jonas ၊ Kevin Jonas စတဲ့ မိသားစုဝင်တွေ၊ ရင်းနှီးတဲ့ သူငယ်ချင်းတချို့နဲ့သာ မင်္ဂလာပွဲလေးကို တိတ်တဆိတ်ဆင်နွဲခဲ့တာဖြစ်ပါတယ်။ Sophie နဲ့ Joe တို့ဟာ ပြီးခဲ့တဲ့ ၂၀၁၇ အောက်တိုဘာလကတတည်းက စေ့စပ်ခဲ့ကြတာပါ။ပကာသနတွေမပါဘဲ အကျဉ်းချုံးကျင်းပခဲ့တဲ့ သူတို့နှစ်ဦးရဲ့ မင်္ဂလာပွဲပုံရိပ်တွေကိုတော့ Dj Diplo က Instagram story မှာ မျှဝေခဲ့တာပါ။ #BrideToBe#SophieTurnerandJoeJonaswedding
ငယ်ရွယ်တဲ့သတို့သမီးလောင်းလေးတွေအတွက် ချစ်စရာကောင်းတဲ့အသွင်ကိုပေးမယ့် ပန်းရောင် dress လေးပါ Bride To BE
Winter Wedding
မြန်မာပြည်မှာ အရမ်းပူလို့ အေးတဲ့နေရာသွားပြီး မင်္ဂလာဆောင်မယ့်သူတွေအတွက် Winter Wedding ပုံလေးတွေကို အားကျအောင် တင်ပေးလိုက်ပါတယ်😄🤪 #Bride_to_Be#Wedding_Magazine
မင်္ဂလာပွဲအတွက် ပန်းအလှဆင်လုပ်ငန်းများ
ခမ်းနားပြီး လှပတဲ့ မင်္ဂလာပွဲတစ်ခုဖြစ်ဖို့ ပန်းအလှဆင်တွေကလည်း အရေးပါတယ်လေ။ မင်္ဂလာပွဲအတွက် ပန်းအလှဆင်ဝန်ဆောင်မှူလုပ်ငန်းတွေကို ရှာဖွေနေတဲ့သတို့သမီးလေးတွေအတွက် Bride To Be က တနေရာတည်းမှာ ဆက်သွယ်ရမယ့် ဖုန်းနံပါတ်တွေနဲ့တကွ စုစည်းပေးလိုက်ပါပြီနော် Aurora Floral & Events Design 09 258319522 Bees & Flowers 09 960003721၊ 09 5073686 Dancing Lady Floral 09 772000320 Decem Moe Floral 09 421011130 ၊ 09 783232845 Elysian Floral Art 09 5086711 ၊ 09 775086711 Eternal Flowers 01 1541217 … Continue reading မင်္ဂလာပွဲအတွက် ပန်းအလှဆင်လုပ်ငန်းများ
Destination Wedding Recepiton
ပန်းရောင် Floral Wedding Dress များ
Weddig Dress ဆိုရင် သူများတွေ ဝတ်သလို တစ်ခါလာလည်း အဖြူရောင် ချည်းပဲ မဝတ်ချင်တဲ့ သတို့သမီးလောင်းတွေအတွက် ပန်းပွင့်လေးတွေပါတဲ့ floral dress လေးတွေကို ဝတ်ဆင်ဖို့ Bride to Be က အကြံပေးချင်ပါတယ်
မင်္ဂလာပွဲအတွက် အစားသောက်ဝန်ဆောင်မှုလုပ်ငန်းများ
မင်္ဂလာဦးဆွမ်းကျွေးလုပ်တော့မယ်ဆိုရင် အရေးကြီးဆုံး အကျွေးအမွေးအတွက် စုံစမ်းရတာပါ။ ပထမဆုံး လုပ်တာဖြစ်လို့ အစားသောက်ကို ဘယ်ကမှာရန်မှန်းမသိဖြစ်တတ်ပါတယ်။ အစားသောက်မကောင်းမှာကိုလည်း စိတ်ပူရသေးပါတယ်။ ဒါကြောင့် သတို့သမီးလောင်းလေးတွေ စိတ်ရှုပ်ရသက်သာအောင် ဆွမ်းကျွေး၊ ဧည့်ခံပွဲတွေအတွက် မင်္ဂလာမောင်နှံ အများစု recommend ပေးကြတဲ့ အစားသောက်ဝန်ဆောင်မှုကို Bride To Be ကနေစုစည်းပေးထားပါတယ်။ ✅#ချန်ပီယံဒံပေါက် 09 73238283 ၊ 01 527889 ✅#နီလာဒံပေါက်နဲ့အအေး 09 977223275 ၊ 09 977223276 ✅#ရသာမွန်ဒံပေါက် ၊ ထောပတ်ထမင်း 09 5096144 ၊ 09 8610569 ✅#ပြည့်ရတနာထောပတ်ထမင်း၊ ထမင်းဖြူ 09 420136987 ၊ 09 254112328 ✅#မင်္ဂလာကြိုင်ကြိုင် မြန်မာဒံပေါက် 09 420080494 ၊ 09 782080664 ✅#ကုသိုလ်မြန်မာဒံပေါက်၊ … Continue reading မင်္ဂလာပွဲအတွက် အစားသောက်ဝန်ဆောင်မှုလုပ်ငန်းများ
Summer Wedding နဲ့ လိုက်ဖက်တဲ့ အဝါရောင် wedding dress များ
သင်က နွေရာသီမှာ မင်္ဂလာပွဲလေးဆင်နွဲဖို့ စီစဉ်နေတာလား? သာယာလှတဲ့ နွေဦးရာသီ မင်္ဂလာပွဲတွေနဲ့ အလိုက်ဖက်ဆုံး အရောင်ကတော့ အဝါရောင်လေးပါပဲ။ အဝါရောင်ဖက်ရှင်က သင့်ကို ပေါ်လွင်စေ ပြီး ရာသီဥတုနဲ့လည်း လိုက်ဖက်မှုရှိတာ အမှန်ပါပဲ။ ဒါကြောင့် နွေရာသီမှာ မင်္ဂလာပွဲဆင်နွဲမယ့် သတို့သမီးလောင်းလေးတွေအတွက် Bride To Be ကနေ အဝါရောင် wedding dress တွေကို စုစည်းပေးလိုက်ပါတယ်။
သင့်ဆံပင်လေးကို ပန်းတွေနဲ့အလှဆင်မယ်
မင်္ဂလာပွဲမှာ သင့်ဆံပင်လေးကို လူငယ်ဆန်ဆန်လေးထုံးဖွဲ့ပြီး အခြားလက်ဝတ်ရတနာတွေထက် ပန်းလေးတွေနဲ့ အလှဆင်တာက ပိုပြီး ချစ်စရာကောင်းတဲ့ သတို့သမီးလေးအသွင်ပြင်ကို ရစေပါတယ်။ ဒါ့အပြင် မင်္ဂလာဦးဆွမ်းကျွေး၊ လက်မှတ်ရေးထိုးပွဲတွေမှာ မြန်မာဝတ်စုံနဲ့ပဲဖြစ်ဖြစ် Dinner ပွဲတွေမှာ အနောက်တိုင်း ဂါဝန်နဲ့ဖြစ်ဖြစ် လိုက်ဖက်မှုရှီတဲ့ ဆံပင်ပုံစံလေးဖြစ်ပါတယ်။ Bride to Be ဆိုတာ သတို့သား၊ သတို့သမီးတွေအတွက် မင်္ဂလာပွဲပြင်ဆင်မှုနဲ့ ပတ်သတ်တဲ့ အကြောင်းအရာတွေ၊ ဖက်ရှင်တွေကို မျှဝေပေးနေတဲ့ အွန်လိုင်း မဂ္ဂဇင်းတစ်ခုပဲဖြစ်ပါတယ်
သားသားမီးမီးလေးတွေနဲ့ ဒီလိုချစ်စရာကောင်းတဲ့ပုံလေး ရိုက်ကြမယ်
Bride to Be ကတော့ မင်္ဂလာမောင်နှံတွေအတွက် ဗဟုသုတနဲ့ ဖက်ရှင်တွေ မျှဝေပေးနေတဲ့ အွန်လိုင်း wedding magazine ဖြစ်ပါတယ်။
အဖြူရောင်မဟုတ်သော wedding dress များ
မင်္ဂလာဝတ်စုံဆိုတိုင်း အဖြူရောင်ဝတ်မှတော့ မဟုတ်ဘူးပေါ့။ တချို့က အဖြူရောင် မကြိုက်တဲ့သူတွေရှိတယ်။ ကိုယ့်မင်္ဂလာပွဲမှာ သူများနဲ့ မတူဘဲ ထူးခြားအောင် အရောင်ဆန်းလေးတွေ ဝတ်ချင်တဲ့ သတို့သမီးလေးတွေအတွက် wedding dress ဒီဇိုင်းများကို Bride To Be က စုစည်းပေးထားပါတယ်
မင်္ဂလာပွဲအတွက် လက်ဝတ်ရတနာရွေးချယ်တဲ့အခါ
မင်္ဂလာပွဲနေ့မှာ အလှဆုံး သတို့သမီးလေးဖြစ်ဖို့အတွက် အဝတ်စားအပြင် လက်ဝတ်ရတနာတွေကလည်း အရေးကြီးတဲ့ အခန်းကဣမှာ နေရာယူထားပါတယ်။ အဝတ်စားနဲ့လိုက်ဖက်တဲ့ လက်ဝတ်ရတနာ လက်ဝတ်ရတနာ ရွေးချယ်တဲ့အခါမှာ ကိုယ်ဝယ်မဲ့ ဝတ်စုံအရောင်နဲ့ လိုက်ဖက်မှူ ရှိမရှိ ထည့်သွင်းစဉ်းစားဖို့ လိုအပ်ပါတယ်။ ဥပမာ ကိုယ်က ရွှေအိုရောင် ဝတ်စုံလေး ဝတ်ဖို့ စီစဉ်ထားရင် ရွှေပဲ ဝတ်တာမျိုး၊ အဖြူရောင်လေးဝတ်ဖို့စီစဉ်ထားရင် အစိမ်းရောင်နဲ့လုပ်ထားတဲ့ လက်ဝတ်ရတနာေ လးတွေဝတ်ဆင်တာမျိုး ရွေးချယ်သင့်ပါတယ်နော်။ သင့်အကြိုက်ဆုံး လက်ဝတ်ရတနာက ဘာဖြစ်မလဲ ဒီမင်္ဂလာပွဲလေးမှာ သင်က ဇာတ်လိုက်သတို့သမီးလေးဖြစ်လို့ သင့်ရဲ့ အကြိုက်ကလည်း အရေးပါ ပါတယ်။ ငါကတော့ ပုလဲလေးမှ ဝတ်ချင်တာ၊ လက်ဝတ်ရတနာဆို စိန်မှ သဘောကျတာ စသဖြင့် သတို့သမီးတိုင်းမှာ ဖြစ်ချင်တဲ့ စိတ်ကူးလေးတွေက ရှိတာပဲလေ။ ဝယ်မှာလား/ငှားမလား မင်္ဂလာပွဲမှာ … Continue reading မင်္ဂလာပွဲအတွက် လက်ဝတ်ရတနာရွေးချယ်တဲ့အခါ
ငယ်ရွယ်နုပျိုတဲ့ သတို့သမီးလေးတွေအတွက် Hairsyle များ
ငယ်ရွယ်နုပျိုတဲ့ သတို့သမီးလေးတွေအတွက် ရိုးရှင်းပြီး ချစ်စရာကောင်းတဲ့ အသွင်ပြင်ကိုပေးမယ့် Hairstyle လေးတွေကို မျှဝေပေးလိုက်ပါတယ် အနောက်တိုင်းဝတ်စုံနဲ့သာမက မင်္ဂလာဦးဆွမ်းကျွေး၊ လက်မှတ်ရေးထိုးပွဲတွေမှာ မြန်မာဝတ်စုံနဲ့လိုက်ဖက်မယ့် ဆံပင်အပြင်အဆင်လေးတွေ ဖြစ်ပါတယ်။ တချို့ ဆံထုံးမထုံးချင်တဲ့ သတို့သမီးလေးတွေအတွက်လည်း အဆင်ပြေမှာပါ။ #Bride_to_Be #Wedding_Magazine
2019 မှာ ပြောင်းလဲလာတဲ့ wedding trend များ
Trend တွေကတော့ အမြဲတမ်းပြောင်းလဲနေတာပဲ။ သင်က ဒီနှစ်ထဲမှာ မင်္ဂလာဆောင်ဖို့ ပြင်ဆင်နေတဲ့သူတစ်ဦးရင် ပြောင်းလဲလာတဲ့ ဒီ wedding trend လေးတွေကို သိထားဖို့လိုအပ်ပါတယ် Pocket Wedding Dress နိုင်ငံတကာမှာဆိုရင်တော့ လက်နှိုက်စရာ အိတ်ကပ်လေးပါတဲ့ Pocket wedding dress ဒီဇိုင်းလေး တွေ ခေတ်စားနေပါတယ် Casual Pre-wedding Pre-wedding ကို အရင်က မြန်မာဝတ်စုံ၊ အနောက်တိုင်းဝတ်စုံတွေနဲ့ သေသေချာချာပြင်ဆင်ပြီးရိုက် ကြပေမယ့် ဒီနောက်ပိုင်းမှာတော့ ပေါ့ပေါးပါးပါပုံစံ Pre-wedding တွေကိုပဲ# လူငယ်အများစုက သဘောကျလာကြပါတယ် မင်္ဂလာအရောင် အရင်ကဆို မင်္ဂလာအရောင်ကို အဖြူရောင်၊ ပန်းရောင်၊ အဝါရောင်လောက်ပဲ သက်မှတ် ကြပေမယ့် အခုနောက်ပိုင်းမှာတော့ ခရမ်းရောင်၊ ပန်းခသွား၊ လိမ္မော်ရောင် စသဖြင့် ဝတ်ဆင်လာကြတာတွေ့ရပါတယ် လက်ဖွဲ့ငွေတောင်းခံခြင်း မင်္ဂလာပွဲတွေက … Continue reading 2019 မှာ ပြောင်းလဲလာတဲ့ wedding trend များ
Pre-wedding မရိုက်ခင် သိသင့်တဲ့အချက်များ
မင်္ဂလာဆောင်ဖို့ ရက်လည်း သက်မှတ်ပြီးသွားပြီ။ ခန်းမတွေလည်း booking လုပ်ပြီးသွားပြီဆိုရင်တော့ တစ်သက်တာအမှတ်ရစေမယ့် Pre-wedding ပုံလေးရိုက်ဖို့ စီစဉ်ရပါတော့မယ်။ Pre-wedding ရိုက်ဖို့ မစီစဉ်ခင်မှာ အရင်ဆုံး သတို့သား၊ သတို့သမီးလောင်းလေးတို့ သိသင့်တဲ့အရာတွေကို Bride to Be ကနေ ပြောပြပေးချင်ပါတယ် Pre_wedding ရိုက်မယ်ဆိုရင် အနည်းဆုံး သုံးလကနေ ၆ လအတွင်း ရိုက်ဖို့လိုပါတယ်။ ပွဲနီးမှ ရိုက်မယ်ဆိုရင် နှစ်ယောက်လုံး stress တွေများတာနဲ့ အသားရေတွေက မလှမပဖြစ်နေတတ်ပါတယ်။ ဒါ့အပြင် ဓာတ်ပုံအချိန်မှီမရတာတွေလည်းဖြစ်တတ်ပါတယ် #ကိုယ်သဘောကျတဲ့ဓာတ်ပုံဆရာကိုသာ ရွေးချယ်ပါPre-wedding တွေကဈေးမသက်သာတာမို့ ရွေးချယ်မှုတွေမမှားဖို့လိုပါတယ်။ တစ်သက်လုံး တသ သဖြစ်နေရမယ့် ပုံတွေဖြစ်လို့ ကိုယ်သဘောကျတဲ့ ဓာတ်ပုံဆရာနဲ့သာ ကြိုတင် ရွေးချယ်ပြီး ရိုက်ကူးဖို့ အကြံပေးချင်ပါတယ်😁 #Pre_weddingစတိုင်ရှိပါစေ မင်္ဂလာမောင်နှံအနေနဲ့ Pre-wedding … Continue reading Pre-wedding မရိုက်ခင် သိသင့်တဲ့အချက်များ
မင်္ဂလာပွဲမတိုင်ခင် ဝိတ်အမြန်ကျဖို့ဆိုရင်
Diet လုပ်ပါ ကိုယ်အလေးချိန် လျှော့ချဖို့အတွက် ကျန်းမာရေးနဲ့ အညီစားသောက်ရုံ မလုံလောက်ပါဘူး။ ဝိတ်အမြန်ကျဖို့အတွက် Diet လုပ်ဖို့လိုပါတယ်။ Diet plan တွေအမျိုးမျိုးရှိတဲ့အထဲမှ လက်ရှိမှာ Keto diet က ခေတ်စားနေပါတယ်။ တစ်လမှာ ၁၀ ပေါင်လောက်ကျနိုင်တယ်လို့ Keto diet သမားတွေကဆိုပါတယ်။ လေ့ကျင့်ခန်းလုပ်ပါ ကိုယ်လက်လှုပ်ရှားမှူမရှိခြင်းက သင့်ကို ဝိတ်တက်စေတဲ့ အဓိကအကြောင်းရင်းတစ်ခုပဲဖြစ်ပါတယ်။ အစားသောက်လျှော့စားတဲ့ diet plan တွေက ကြွက်သားတွေကိုပါ ကျသွားစေတာဖြစ်လို့ အစားပြန်စားတဲ့အခါ ပြန်ပြီး ဝိတ်တာလာတတ်ပါတယ်။ အဆီပိုတွေမရှီဘဲ ကျစ်ကျစ်လစ်လစ်နဲ့ ကျန်းမာတဲ့ခန္တာကိုယ်ကို အမြဲပိုင်ဆိုင်ဖို့ဆို GYM ကစားတာ၊ Zumba ၊ Cardio စတဲ့ ကိုယ်လက်လှူပ်ရှားမှူတစ်ခုခုကို တစ်ပတ် သုံးကြိမ်ခန့် ပြုလုပ်ဖို့လိုအပ်ပါတယ်။ Fit fitness food health sport fight diet အစားသောက်ရှောင်ပါ ဝိတ်အမြန်ကျဖို့ လေ့ကျင့်ခန်းတွေ … Continue reading မင်္ဂလာပွဲမတိုင်ခင် ဝိတ်အမြန်ကျဖို့ဆိုရင်
မင်္ဂလာပွဲအတွက် Photo Booth Frame Ideas များ
နောက်ပိုင်း မင်္ဂလာပွဲမှာ အခမ်းအနားပြင်ဆင်တဲ့အခါ ပန်းတွေသာမက Photo Booth တွေကို ထည့်သွင်းလာကြတာ တွေ့ရမှာပါ။ Photo Booth ပုံစံအများကြီးတွေထဲကမှ မင်္ဂလာပွဲလေးကို ပိုပြီးသက်ဝင် လှုပ်ရှားစေမယ့် Photo Booth Frame လေးတွေထည့်သွင်းတာလည်း ခေတ်စားလာပါတယ်။ ဓာတ်ပုံ Frame Booth တွေက ပြုလုပ်ရတာလည်း လွယ်ကူတဲ့အပြင် မင်္ဂလာပွဲမှာ မိသားစုတွေ၊ သူငယ်ချင်းတွေနဲ့ အတူတူ ပျော်ပျော်ရွင်ရွင် အမှတ်တရတွေ ဖန်တီးနိုင်မယ့် အရာတစ်ခုပါ။
ထိုင်မသိမ်းဝတ်စုံနဲ့လိုက်ဖက်တဲ့ ဆံထုံးအပြင်ဆင်များ
တစ်သက်မှာ တစ်ခါပဲ ကျင်းပရတဲ့ အခမ်းနားဆုံးမင်္ဂလာပွဲလေးမှာ မြန်မာရိုးရာထိုင်မသိမ်းဝတ်စုံလေးကို ဝတ်ဆင်ဖို့ စီစဉ်ထားတယ်ဆိုရင် ထိုင်မသိမ်းနဲ့လိုက်ဖက်တဲ့ ရိုးရာဆံထုံးအပြင်အဆင်လေးကိုလည်း စဉ်းစားဖို့လိုအပ်လာပါပြီ။ ဆံထုံးရွေးချယ်ရာမှာ ဒေဝီဆံထုံး၊ စုလျားရစ်ပတ်ဆံထုံးစသဖြင့် အမျိုးမျိုးရှိပေမယ့် သတို့သမီးဝတ်ဆင့်မယ့် ထိုင်းမသိမ်းဒီဇိုင်း၊ မျက်နှာပုံစံတို့ကိုကြည့်ပြီး လိုက်ဖက်တဲ့ ဆံထုံးရွေးချယ်ရမှာဖြစ်ပါတယ်။ မင်္ဂလာပွဲနေ့အတွက် သင့်နဲ့အလိုက်ဖက်ဆုံး ဆံထုံးကို ရွေးချယ်ဖို့အကောင်းဆုံးနည်းလမ်းကတော့ မိတ်ကပ်ဆံပင်၊ လက်ဝတ်ရတနာတို့ကို အစမ်းပြင်ဆင်ကြည့်တာပဲဖြစ်ပါတယ်။ ဒါ့အပြင် သတို့သမီးရဲ့ အကြိုက်ပေါ်မူတည်ပြီး သဇင်ပန်း၊ သစ်ခွပန်း ပန်တာအပြင် ရိုးရှင်းလက်ဝတ်ရနာတွေနဲ့လည်း တွဲဖက်နိုင်ပါတယ်နော်












































