တစ်သက်မှာ တစ်ခါပဲ ကျင်းပရတဲ့ အခမ်းနားဆုံးမင်္ဂလာပွဲလေးမှာ မြန်မာရိုးရာထိုင်မသိမ်းဝတ်စုံလေးကို ဝတ်ဆင်ဖို့ စီစဉ်ထားတယ်ဆိုရင် ထိုင်မသိမ်းနဲ့လိုက်ဖက်တဲ့ ရိုးရာဆံထုံးအပြင်အဆင်လေးကိုလည်း စဉ်းစားဖို့လိုအပ်လာပါပြီ။ ဆံထုံးရွေးချယ်ရာမှာ ဒေဝီဆံထုံး၊ စုလျားရစ်ပတ်ဆံထုံးစသဖြင့် အမျိုးမျိုးရှိပေမယ့် သတို့သမီးဝတ်ဆင့်မယ့် ထိုင်းမသိမ်းဒီဇိုင်း၊ မျက်နှာပုံစံတို့ကိုကြည့်ပြီး လိုက်ဖက်တဲ့ ဆံထုံးရွေးချယ်ရမှာဖြစ်ပါတယ်။ မင်္ဂလာပွဲနေ့အတွက် သင့်နဲ့အလိုက်ဖက်ဆုံး ဆံထုံးကို ရွေးချယ်ဖို့အကောင်းဆုံးနည်းလမ်းကတော့ မိတ်ကပ်ဆံပင်၊ လက်ဝတ်ရတနာတို့ကို အစမ်းပြင်ဆင်ကြည့်တာပဲဖြစ်ပါတယ်။ ဒါ့အပြင် သတို့သမီးရဲ့ အကြိုက်ပေါ်မူတည်ပြီး သဇင်ပန်း၊ သစ်ခွပန်း ပန်တာအပြင် ရိုးရှင်းလက်ဝတ်ရနာတွေနဲ့လည်း တွဲဖက်နိုင်ပါတယ်နော်
Category: Uncategorized
မင်္ဂလာဦးဆွမ်းကျွေးအတွက် မြန်မာဝတ်စုံလှလှလေးရွေးချယ်မယ်
မင်္ဂလာပွဲပြင်ဆင်ပြီဆို ပွဲကြီးအပြင် မင်္ဂလာဦးဆွမ်းကျွေး၊ လက်မှတ်ရေးထိုးပွဲတွေအတွက်ပါ ဝတ်စုံပြင်ဆင်ရတော့မှာပါ။ ပွဲကြီးနေ့မှာ ထိုင်မသိမ်းဝတ်ဖို့ပြင်ဆင်ထားသလို မင်္ဂလာဦးဆွမ်းကျွေးနဲ့လက်မှတ်ရေးထိုးပွဲအတွက်လည်း မြန်မာဝတ်စုံလှလှလေး စီစဉ်ဖို့လိုအပ်ပါတယ်။ ဒီနေရာမှာ မြန်မာဝတ်စုံကို ready made ဝယ်ယူနိုင်ပေမယ့်လည်း သတို့သမီးအများစုကတော့ ပိုပြီး unique ဖြစ်အောင် ဒီဇိုင်နာတွေနဲ့တိုင်ပင်ချုပ်လုပ်ကြပါတယ်။ သူသူငှာငှာ မင်္ဂလာပွဲမှာ အလှဆုံးသတို့သမီးလေးတွေသာ ဖြစ်ချင်ကြတာမို့ ဒီဇိုင်းရွေးချယ်တဲ့အခါမှာ ဗျာများရပြီး စိတ်သောက ရောက်တတ်ရတတ်ပါတယ်။ ဒါကြောင့် သတို့သမီးလေးတွေ နှစ်သက်တဲ့ဝတ်စုံဒီဇိုင်းတွေရွေးချယ်နိုင်ဖို့ စီနီယာမ မကြီးများ မင်္ဂလာဦးဆွမ်းကျွေးမှာ ဝတ်ဆင်ခဲ့တဲ့ ဝတ်စုံဒီဇိုင်းလှလှလေးတွေကို ဖော်ပြပေးလိုက်ပါတယ်။ သတို့သမီးတွေအားလုံး ကိုယ်နဲ့ လိုက်ဖက်တဲ့ ဒီဇိုင်းကို ရွေးချယ်နိုင်ကြပါစေနော်
မော်ဒယ်စိမ်းရောင်လေးကိုမှ ကြွေတဲ့ သတို့သမီးတွေအတွက်
The Journey Begins
Thanks for joining me! Good company in a journey makes the way seem shorter. — Izaak Walton




