Pre-wedding အတွက် unique ဖြစ်တဲ့ idea တွေကို ရှာဖွေနေတဲ့ မင်္ဂလာမောင်နှံတွေအတွက် အမိုက်စား Pre-wedding ပုံလေးတွေကို ဖော်ပြေးလိုက်ပါတယ်။ အခုဆိုရင် ရန်ကုန်မြို့က အချို့ နောက်ဖေးလမ်းကြား တွေမှာလည်း ဆေးပန်းချီတွေနဲ့ လှပလာပြီဖြစ်လို့ ဒီလို ပုံလေးတွေ ဖန်တီးဖို့ အခွင့်ရေးတစ်ခုပါပဲနော် #BrideToBe #WeddingMagazine
မင်္ဂလာရက်မြတ်ဘယ်လိုရွေးမလဲ
မင်္ဂလာပွဲတစ်ခုပြင်ဆင်ပြီဆိုရင် အရေးကြီးလုပ်ရမယ့်အရာကတော့ မင်္ဂလာပွဲအတွက် နေ့ကောင်းရက်သာရွေးချယ်တာပဲဖြစ်ပါတယ်။ နတ်က္ခတ်ပညာရှင်တွေနဲ့ ရွေးချယ်မယ် မင်္ဂလာပွဲအတွက် နေ့ကောင်းရက်သာရွေးချယ်တဲ့အခါမှာ အများစုက နက္ခတ်ဗေဒပညာရှင်တွေဆီမှာ တွက်ချက်ပြီး အကောင်းဆုံးနေ့ကို ရွေးချယ်လေ့ရှိကြပါတယ်။ ချစ်သူနှစ်ဦးရဲ့ အထိမ်းအမှတ်နေ့တွေကို ရွေးချယ်မယ် တချို့ချစ်သူစုံတွဲတွေက မင်္ဂလာပွဲနေ့လေးကို ပိုပြီးအမှတ်တရဖြစ်စေချင်တဲ့အတွက် ချစ်သူစဖြစ်တဲ့နေ၊ ချစ်သူကောင်မလေးရဲ့ မွေးနေ့စသဖြင့် အမှတ်တရနေ့တွေကို မင်္ဂလာပွဲနေ့အဖြစ်လည်း ရွေးချယ်တတ်ကြပါတယ် ပြက္ခဒိန်ကို ကြည့်ပြီး ရက်ရွေးမယ် အကယ်လို့ သင်က ဗေဒင်တွေ တွက်ချက်ပြီးလည်း မရွေးချင်ဘူး။ ကိုယ်ဘာသာပဲ ရက်ရွေးချယ်မယ်ဆိုရင်တော့ ပြက္ခဒိန်မှာ ရက်ရာဇာဟုတ်မဟုတ် ကြည့်ပြီး ကိုယ်လိုချင်တဲ့ ရက်ကို ရွေးရုံပါပဲ။ မင်္ဂလာပွဲရက် ရွေးချယ်ရာမှာထည့်သွင်းစဉ်းစားသင့်တဲ့အချက်တွေ မင်္ဂလာပွဲအတွက် နေ့ကောင်းရက်သာရွေးချယ်ရာမှာ အထက်ကပြောခဲ့တဲအချက်တွေအပြင် လူအများလာနိုင်တဲ့ ရက်ဟုတ်မဟုတ်လဲ ထည့်သွင်းစဉ်းစားဖို့လိုပါတယ်။ ဥပမာ- စနေ၊ တနင်္ဂနွေလို ရုံးပိတ်ရက်တွေမဟုတ်ဘဲ ကြားရက်တွေမှာလုပ်မိမယ်ဆိုရင် လူတော်တော်များများသင့် … Continue reading မင်္ဂလာရက်မြတ်ဘယ်လိုရွေးမလဲ
ဟန်းနီးမွန်းခရီးဘယ်ကိုသွားမလဲ
မင်္ဂလာပွဲပြင်ဆင်ရတာ မလွယ်ပါဘူး။ သတို့သား၊ သတို့သမီးရော စိတ်ဖိအားတွေ အရမ်းများရပါတယ်။ အဲ့ဒီလို မင်္ဂလာပွဲကြောင့် စိတ်ဖိအားတွေ များရတာကို ပြေပျောက်အောင် ချစ်သူနဲ့အတူတူ ပျားရည်ဆမ်းခရီးလေးသွားဖို့ မဖြစ်မနေလိုတာပေါ့။ ဒါကြောင့် မင်္ဂလာပွဲအပြီးမှာ ဟန်းနီးမွန်းသွားဖို့အစီစဉ်ရှိတဲ့ မင်္ဂလာမောင်နှံအတွက် #ဟန်းနီးမွန်းချစ်သူတွေ ကြားမှာ ရေပန်းစားတဲ့ နေရာတွေကို Bride To Be က ပြောပြပေးချင်ပါတယ် #မြိတ်ကျွန်းစု 🏝🏝 နောက်ဆုံး paradise လို့တင်စားကြတဲ့ မြိတ်ကျွန်းစုရဲ့ အရိုင်းဆန်ပြီး သာယာလှပလွန်းတဲ့ ကျွန်းတွေကတော့ လတ်တလော ဟန်းနီးမွန်း အသွားများတဲ့ နေရာတစ်ခုပါ။ ကုန်ကျစရိတ်ကလည်း အခြားဒေသတွေထက် ပိုများပါတယ်နော်။ Photo- Adventure in You #ငပလီကမ်းခြေ 🏖🏖🏖 ရခိုင်ကမ်းရိုးတန်းရဲ့ အလှပဆုံးကမ်းခြေဖြစ်တဲ့ ငပလီကမ်းခြေကတော့ ရွေးချယ်စရာဟိုတယ်အမိုက်စားတွေအများကြီးနဲ့ မင်္ဂလာမောင်နှံအတွက် အေးအေးဆေးအေးအပန်းဖြေအနားယူဖို့ … Continue reading ဟန်းနီးမွန်းခရီးဘယ်ကိုသွားမလဲ
ရိုးရှင်းတဲ့ဒီဇိုင်းနဲ့ Wedding Gown များ
အနောက်တိုင်းဝတ်စုံနဲ့ မင်္ဂလာပွဲကျင်းပဖို့ ပြင်ဆင်နေတဲ့ သတို့သမီးလေးတွေအတွက် ရိုးရိုးရှင်းရှင်းနဲ့ လှပတဲ့ wedding gown ဒီဇိုင်းတွေကို Bride To Be ကနေ မျှဝေပေးချင်ပါတယ် 😍😍😍
မင်္ဂလာပွဲအတွက် ထူးခြားဆန်းပြားတဲ့ ဓာတ်ပုံ idea များ
ဒီတစ်ခါမှာတော့ မကြာခင်မင်္ဂလာပွဲဆင်နွဲမယ့် သတို့သား၊ သတို့သမီးလောင်းတွေအတွက် Bride To Be က Photo idea လေးကို မျှဝေပေးထားပါတယ်။ နိုင်ငံခြားက မင်္ဂလာဆောင်တွေ ခေတ်စားတဲ့ ဓာတ်ပုံ idea လေးတွေပါ။ ဒီက မင်္ဂလာဆောင်တွေမှာ သိပ်မရိုက်ကြသေးတာတွေ့ရပါတယ်။ သမာရိုးကျ မင်္ဂလာဆောင်ဓာတ်ပုံရိုးရိုးကြီးတွေထက် ဒီလို ပန်းလေးတွေ ၊ လိပ်ပြာလေးတွေကို အသုံးပြုပြီးရိုက်မယ်ဆိုရင် သင့်မင်္ဂလာဆောင်ပုံတွေက ပိုထူးခြားဆန်းပြားပြီး ကြည့်လို့ကောင်းမှာ သေချာပါတယ်
Pre-wedding idea
Pre-wedding ဆို ထိုင်မသိမ်းဝတ်စုံကြီးဝတ်ပြီး heavy ကြီးမရိုက်ချင်တဲ့ မင်္ဂလာမောင်နှံတွေအတွက် နောက်ပိုင်းလူငယ်တွေကြားမှာခေတ်စားတဲ့ ပေါ့ပေါ့ပါးပါး Pre-wedding idea လေးကို Bride To Be ကနေ မျှဝေပေးလိုက်ပါတယ်။ credit- Hipster Studio
မရီဇော်ရဲ့ wedding review
ချစ်စရာကောင်းတဲ့ သတို့သမီးလေး မရီဇော်ရဲ့ wedding review လေးကို Bride To Be ကနေ မျှဝေပေးလိုက်ပါတယ် ရီဇော်တို့ပွဲလေးကတော့ ဧပရယ် ၇ ရက်နေ့မှာ Excel River View Hotel မှာကျင်းပပြုလုပ်ခဲ့တာပါ။ အခမ်းအနားမှူးဦးသန်းမြတ်စိုး ၊ အခါတော်ပေးမနှင်းဝတ်ရည် ( အိမ်မက်ဆုံရာ)ပါ၊ စောင်းပညာရှင်ဒေါ်ချိုသက်တင်( ကထိကအမျိုးသားယဉ်ကျေးမှူနှင့်အနုပညာတက္ကသိုလ်မန္တလေး)ဖြစ်ပါတယ်။ ❤️တစ်သက်မှာတစ်ခါပွဲမို့ packageအပ်တာမျိုးလည်းမလုပ်ချင်တော့ တစ်ခုချင်းစိတ်ကြိုက်အပ်ပါတယ်။ ပွဲစစီစဉ်ကတည်းကဝန်းရံပေးကြတဲ့မိဘဆွေမျိုး မောင်နှမ နဲ့သူငယ်ချင်းအားလုံးကိုလည်းကျေးဇူးအထူးတင်ပါတယ်။ ❤️ဖိတ်စာ - ဖိတ်စာစလုပ်မယ်ဆိုတော့ hand made လေးတွေနဲ့လုပ်ချင်တယ်ပေါ့။ပန်းသတင်းက အမ စေတနာအကြီးကြီးပါပါတယ်။ ကိုယ်လိုချင်တဲ့ဒီဇိုင်းမရရအောင်ဆွဲပေးတယ်ဒီဇိုင်းဆရာနဲ့အတူ Video call နဲ့ခေါ်ပြပြီး။ ဖိတ်စာပေါ်မှာကိုယ်ကပ်ချင်တဲ့ဖဲပန်းပွင့်၊ ပုလဲလေးတွေ ၊ ဖဲကြိုးပြားလေးတွေ လက်ဝင်မှဝင်..ကပ်ရတာ😁 (စက္ကူပန်းကပ်တာမကြိုက်လို့ဖဲပန်းကလည်းပြေးရှာပေးသေးတယ်) 🥰🥰ဈေးလည်းအများကြီးမယူဖူး။ ပန်းသတင်း မှာအပ်ရင် ဂျီးများ or လူဆိုးမ … Continue reading မရီဇော်ရဲ့ wedding review
အထပ်ထပ်လေးတွေနဲ့ချစ်စရာကောင်းတဲ့ wedding dress
ဒီဇိုင်နာ Sandy Linn Naing ရဲ့ ထိုင်မဝသိမ်းဝတ်စုံများ
သတို့သမီးလေးတွေကြားမှာ ရေပန်းစားတဲ့ ဒီဇိုင်နာ Sandy Linn Naing ရဲ့ မြန်မာ့ရိုးရာထိုင်မသိမ်းဝတ်စုံများကို Bride To Be ကနေ စုစည်းပေးထားပါတယ်။ #WeddingMagazine #BrideToBe
Outdoor wedding များအတွက် ပန်းအလှပြင်ဆင်ဒီဇိုင်းများ
Outdoor မင်္ဂလာပွဲလေး ဆင်နွဲဖို့စီစဉ်နေတယ်ဆိုရင် ထူးခြားလှပပြီး outdoor wedding နဲ့လိုက်ဖက်တဲ့ ပန်းအလှပြင်ဒီဇိုင်းများကို Bride To Be ကနေ စုစည်းပေးလိုက်ပါတယ် Bride To Be #weddingMagazine










