Summer Wedding နဲ့ လိုက်ဖက်တဲ့ အဝါရောင် wedding dress များ

သင်က နွေရာသီမှာ မင်္ဂလာပွဲလေးဆင်နွဲဖို့ စီစဉ်နေတာလား? သာယာလှတဲ့ နွေဦးရာသီ မင်္ဂလာပွဲတွေနဲ့ အလိုက်ဖက်ဆုံး အရောင်ကတော့ အဝါရောင်လေးပါပဲ။ အဝါရောင်ဖက်ရှင်က သင့်ကို ပေါ်လွင်စေ ပြီး ရာသီဥတုနဲ့လည်း လိုက်ဖက်မှုရှိတာ အမှန်ပါပဲ။ ဒါကြောင့် နွေရာသီမှာ မင်္ဂလာပွဲဆင်နွဲမယ့် သတို့သမီးလောင်းလေးတွေအတွက် Bride To Be ကနေ အဝါရောင် wedding dress တွေကို စုစည်းပေးလိုက်ပါတယ်။

သင့်ဆံပင်လေးကို ပန်းတွေနဲ့အလှဆင်မယ်

မင်္ဂလာပွဲမှာ သင့်ဆံပင်လေးကို လူငယ်ဆန်ဆန်လေးထုံးဖွဲ့ပြီး အခြားလက်ဝတ်ရတနာတွေထက် ပန်းလေးတွေနဲ့ အလှဆင်တာက ပိုပြီး ချစ်စရာကောင်းတဲ့ သတို့သမီးလေးအသွင်ပြင်ကို ရစေပါတယ်။ ဒါ့အပြင် မင်္ဂလာဦးဆွမ်းကျွေး၊ လက်မှတ်ရေးထိုးပွဲတွေမှာ မြန်မာဝတ်စုံနဲ့ပဲဖြစ်ဖြစ် Dinner ပွဲတွေမှာ အနောက်တိုင်း ဂါဝန်နဲ့ဖြစ်ဖြစ် လိုက်ဖက်မှုရှီတဲ့ ဆံပင်ပုံစံလေးဖြစ်ပါတယ်။ Bride to Be ဆိုတာ သတို့သား၊ သတို့သမီးတွေအတွက် မင်္ဂလာပွဲပြင်ဆင်မှုနဲ့ ပတ်သတ်တဲ့ အကြောင်းအရာတွေ၊ ဖက်ရှင်တွေကို မျှဝေပေးနေတဲ့ အွန်လိုင်း မဂ္ဂဇင်းတစ်ခုပဲဖြစ်ပါတယ်

သားသားမီးမီးလေးတွေနဲ့ ဒီလိုချစ်စရာကောင်းတဲ့ပုံလေး ရိုက်ကြမယ်

Bride to Be ကတော့ မင်္ဂလာမောင်နှံတွေအတွက် ဗဟုသုတနဲ့ ဖက်ရှင်တွေ မျှဝေပေးနေတဲ့ အွန်လိုင်း wedding magazine ဖြစ်ပါတယ်။

အဖြူရောင်မဟုတ်သော wedding dress များ

မင်္ဂလာဝတ်စုံဆိုတိုင်း အဖြူရောင်ဝတ်မှတော့ မဟုတ်ဘူးပေါ့။ တချို့က အဖြူရောင် မကြိုက်တဲ့သူတွေရှိတယ်။ ကိုယ့်မင်္ဂလာပွဲမှာ သူများနဲ့ မတူဘဲ ထူးခြားအောင် အရောင်ဆန်းလေးတွေ ဝတ်ချင်တဲ့ သတို့သမီးလေးတွေအတွက် wedding dress ဒီဇိုင်းများကို Bride To Be က စုစည်းပေးထားပါတယ်

မင်္ဂလာပွဲအတွက် လက်ဝတ်ရတနာရွေးချယ်တဲ့အခါ

မင်္ဂလာပွဲနေ့မှာ အလှဆုံး သတို့သမီးလေးဖြစ်ဖို့အတွက် အဝတ်စားအပြင် လက်ဝတ်ရတနာတွေကလည်း အရေးကြီးတဲ့ အခန်းကဣမှာ နေရာယူထားပါတယ်။ အဝတ်စားနဲ့လိုက်ဖက်တဲ့ လက်ဝတ်ရတနာ လက်ဝတ်ရတနာ ရွေးချယ်တဲ့အခါမှာ ကိုယ်ဝယ်မဲ့ ဝတ်စုံအရောင်နဲ့ လိုက်ဖက်မှူ ရှိမရှိ ထည့်သွင်းစဉ်းစားဖို့ လိုအပ်ပါတယ်။ ဥပမာ ကိုယ်က ရွှေအိုရောင် ဝတ်စုံလေး ဝတ်ဖို့ စီစဉ်ထားရင် ရွှေပဲ ဝတ်တာမျိုး၊   အဖြူရောင်လေးဝတ်ဖို့စီစဉ်ထားရင် အစိမ်းရောင်နဲ့လုပ်ထားတဲ့ လက်ဝတ်ရတနာေ လးတွေဝတ်ဆင်တာမျိုး ရွေးချယ်သင့်ပါတယ်နော်။ သင့်အကြိုက်ဆုံး လက်ဝတ်ရတနာက ဘာဖြစ်မလဲ ဒီမင်္ဂလာပွဲလေးမှာ သင်က ဇာတ်လိုက်သတို့သမီးလေးဖြစ်လို့ သင့်ရဲ့ အကြိုက်ကလည်း အရေးပါ ပါတယ်။ ငါကတော့ ပုလဲလေးမှ ဝတ်ချင်တာ၊ လက်ဝတ်ရတနာဆို စိန်မှ သဘောကျတာ စသဖြင့် သတို့သမီးတိုင်းမှာ ဖြစ်ချင်တဲ့ စိတ်ကူးလေးတွေက ရှိတာပဲလေ။ ဝယ်မှာလား/ငှားမလား မင်္ဂလာပွဲမှာ … Continue reading မင်္ဂလာပွဲအတွက် လက်ဝတ်ရတနာရွေးချယ်တဲ့အခါ

နောက်ဆုံးပေါ် မြန်မာ့ရိုးရာ ထိုင်မသိမ်းဒီဇိုင်းများ

မင်္ဂလာပွဲပြင်ဆင်နေကြတဲ့ သတို့သမီးလေးတွေအတွက် ဒီဇိုင်နာမင်းသက်စံ ( Sweet & Smart Fashion ) ရဲ့ နောက်ဆုံးပေါ် ထိုင်မသိမ်းလက်ရာ ဒီဇိုင်းဆန်းများကို စုစည်းပေးလိုက်ပါတယ်။ Photo - Sweet & Smart Fashion Bride to Be Online Wedding Magazine

Creative Pre Wedding Ideas

Pre-Wedding ဆိုတာ ဝတ်စုံအလန်းကြီးတွေဝတ်ပြီး serious ဖြစ်နေမှ မဟုတ်ပါဘူး။ ဒီလို ပျော်ရွှင်စရာကောင်းပြီး Creative ဖြစ်တဲ့ ပုံတွေလည်း ဖန်တီးလို့ရပါတယ်

ငယ်ရွယ်နုပျိုတဲ့ သတို့သမီးလေးတွေအတွက် Hairsyle များ

ငယ်ရွယ်နုပျိုတဲ့ သတို့သမီးလေးတွေအတွက် ရိုးရှင်းပြီး ချစ်စရာကောင်းတဲ့ အသွင်ပြင်ကိုပေးမယ့် Hairstyle လေးတွေကို မျှဝေပေးလိုက်ပါတယ် အနောက်တိုင်းဝတ်စုံနဲ့သာမက မင်္ဂလာဦးဆွမ်းကျွေး၊ လက်မှတ်ရေးထိုးပွဲတွေမှာ မြန်မာဝတ်စုံနဲ့လိုက်ဖက်မယ့် ဆံပင်အပြင်အဆင်လေးတွေ ဖြစ်ပါတယ်။ တချို့ ဆံထုံးမထုံးချင်တဲ့ သတို့သမီးလေးတွေအတွက်လည်း အဆင်ပြေမှာပါ။ #Bride_to_Be #Wedding_Magazine