Plus Size သတို့သမီးဝတ်စုံများ

ဝတုတ်လေးမို့ အနောက်တိုင်းဂါဝန်လေးနဲ့ မလိုက်မှာ စိတ်ပူနေလား မင်္ဂလာပွဲမှာ Wedding Gown လှလှ လေးဝတ်ချင်ပေမယ့် ကိုယ်နဲ့မလိုက်မှာ စိတ်ပူပြီး မဝတ်လိုက်ရတာမျိုးမဖြစ်လေအောင် Bride To Be က Plus Size သတို့သမီးလေးတွေအတွက် Wedding Dress ဒီဇိုင်းတွေကို မျှဝေပေးချင်ပါတယ် မင်္ဂလာပွဲဆိုတာ တစ်သက်မှာ တစ်ခါပဲ ကျင်းပရတာမို့ ကိုယ်ဝတ်ချင်တဲ့ ဝတ်စုံလှလှလေးဝတ်ပြီးဆောင်ဖို့ အရေးကြီးပါတယ်နော်...

လက်ထပ်လိုက်ပြီဖြစ်တဲ့ Sophie Turner နဲ့ Joe Jonas 😍😀

နာမည်ကျော် Game of Thrones ရုပ်သံစီးရီးမှ မင်းသမီးလေး Sophie Turner နဲ့ အဆိုတော် Joe Jonas တို့ဟာ Las Vegas မှာ လျှိုဝှက် မင်္ဂလာလာပွဲလေးကျင်းပလိုက်ပြီဖြစ်ပါတယ်။ မေလ တစ်ရက်နေ့က ကျင်းပခဲ့တဲ့ The Baiboard Music Awards ဖျာ်ဖြေပွဲအပြီးမှာ Nick Jonas ၊ Kevin Jonas စတဲ့ မိသားစုဝင်တွေ၊ ရင်းနှီးတဲ့ သူငယ်ချင်းတချို့နဲ့သာ မင်္ဂလာပွဲလေးကို တိတ်တဆိတ်ဆင်နွဲခဲ့တာဖြစ်ပါတယ်။ Sophie နဲ့ Joe တို့ဟာ ပြီးခဲ့တဲ့ ၂၀၁၇ အောက်တိုဘာလကတတည်းက စေ့စပ်ခဲ့ကြတာပါ။ပကာသနတွေမပါဘဲ အကျဉ်းချုံးကျင်းပခဲ့တဲ့ သူတို့နှစ်ဦးရဲ့ မင်္ဂလာပွဲပုံရိပ်တွေကိုတော့ Dj Diplo က Instagram story မှာ မျှဝေခဲ့တာပါ။ #BrideToBe#SophieTurnerandJoeJonaswedding

ငယ်ရွယ်တဲ့သတို့သမီးလောင်းလေးတွေအတွက် ချစ်စရာကောင်းတဲ့အသွင်ကိုပေးမယ့် ပန်းရောင် dress လေးပါ Bride To BE

မင်္ဂလာဦးဆွမ်းကျွေးအတွက် မြန်မာဝတ်စုံလှလှလေးရွေးချယ်မယ်

မင်္ဂလာပွဲပြင်ဆင်ပြီဆို ပွဲကြီးအပြင် မင်္ဂလာဦးဆွမ်းကျွေး၊ လက်မှတ်ရေးထိုးပွဲတွေအတွက်ပါ ဝတ်စုံပြင်ဆင်ရတော့မှာပါ။ ပွဲကြီးနေ့မှာ ထိုင်မသိမ်းဝတ်ဖို့ပြင်ဆင်ထားသလို မင်္ဂလာဦးဆွမ်းကျွေးနဲ့လက်မှတ်ရေးထိုးပွဲအတွက်လည်း မြန်မာဝတ်စုံလှလှလေး စီစဉ်ဖို့လိုအပ်ပါတယ်။ ဒီနေရာမှာ မြန်မာဝတ်စုံကို ready made ဝယ်ယူနိုင်ပေမယ့်လည်း သတို့သမီးအများစုကတော့ ပိုပြီး unique ဖြစ်အောင် ဒီဇိုင်နာတွေနဲ့တိုင်ပင်ချုပ်လုပ်ကြပါတယ်။ သူသူငှာငှာ မင်္ဂလာပွဲမှာ အလှဆုံးသတို့သမီးလေးတွေသာ ဖြစ်ချင်ကြတာမို့ ဒီဇိုင်းရွေးချယ်တဲ့အခါမှာ ဗျာများရပြီး စိတ်သောက ရောက်တတ်ရတတ်ပါတယ်။ ဒါကြောင့် သတို့သမီးလေးတွေ နှစ်သက်တဲ့ဝတ်စုံဒီဇိုင်းတွေရွေးချယ်နိုင်ဖို့ စီနီယာမ မကြီးများ မင်္ဂလာဦးဆွမ်းကျွေးမှာ ဝတ်ဆင်ခဲ့တဲ့ ဝတ်စုံဒီဇိုင်းလှလှလေးတွေကို ဖော်ပြပေးလိုက်ပါတယ်။ သတို့သမီးတွေအားလုံး ကိုယ်နဲ့ လိုက်ဖက်တဲ့ ဒီဇိုင်းကို ရွေးချယ်နိုင်ကြပါစေနော်

Winter Wedding

မြန်မာပြည်မှာ အရမ်းပူလို့ အေးတဲ့နေရာသွားပြီး မင်္ဂလာဆောင်မယ့်သူတွေအတွက် Winter Wedding ပုံလေးတွေကို အားကျအောင် တင်ပေးလိုက်ပါတယ်😄🤪 #Bride_to_Be#Wedding_Magazine

မင်္ဂလာပွဲအတွက် ပန်းအလှဆင်လုပ်ငန်းများ

ခမ်းနားပြီး လှပတဲ့ မင်္ဂလာပွဲတစ်ခုဖြစ်ဖို့ ပန်းအလှဆင်တွေကလည်း အရေးပါတယ်လေ။ မင်္ဂလာပွဲအတွက် ပန်းအလှဆင်ဝန်ဆောင်မှူလုပ်ငန်းတွေကို ရှာဖွေနေတဲ့သတို့သမီးလေးတွေအတွက် Bride To Be က တနေရာတည်းမှာ ဆက်သွယ်ရမယ့် ဖုန်းနံပါတ်တွေနဲ့တကွ စုစည်းပေးလိုက်ပါပြီနော် Aurora Floral & Events Design 09 258319522 Bees & Flowers 09 960003721၊ 09 5073686 Dancing Lady Floral 09 772000320 Decem Moe Floral 09 421011130 ၊ 09 783232845 Elysian Floral Art 09 5086711 ၊ 09 775086711 Eternal Flowers 01 1541217 … Continue reading မင်္ဂလာပွဲအတွက် ပန်းအလှဆင်လုပ်ငန်းများ

ပန်းရောင် Floral Wedding Dress များ

Weddig Dress ဆိုရင် သူများတွေ ဝတ်သလို တစ်ခါလာလည်း အဖြူရောင် ချည်းပဲ မဝတ်ချင်တဲ့ သတို့သမီးလောင်းတွေအတွက် ပန်းပွင့်လေးတွေပါတဲ့ floral dress လေးတွေကို ဝတ်ဆင်ဖို့ Bride to Be က အကြံပေးချင်ပါတယ်

မင်္ဂလာပွဲအတွက် အစားသောက်ဝန်ဆောင်မှုလုပ်ငန်းများ

မင်္ဂလာဦးဆွမ်းကျွေးလုပ်တော့မယ်ဆိုရင် အရေးကြီးဆုံး အကျွေးအမွေးအတွက် စုံစမ်းရတာပါ။ ပထမဆုံး လုပ်တာဖြစ်လို့ အစားသောက်ကို ဘယ်ကမှာရန်မှန်းမသိဖြစ်တတ်ပါတယ်။ အစားသောက်မကောင်းမှာကိုလည်း စိတ်ပူရသေးပါတယ်။ ဒါကြောင့် သတို့သမီးလောင်းလေးတွေ စိတ်ရှုပ်ရသက်သာအောင် ဆွမ်းကျွေး၊ ဧည့်ခံပွဲတွေအတွက် မင်္ဂလာမောင်နှံ အများစု recommend ပေးကြတဲ့ အစားသောက်ဝန်ဆောင်မှုကို Bride To Be ကနေစုစည်းပေးထားပါတယ်။ ✅#ချန်ပီယံဒံပေါက် 09 73238283 ၊ 01 527889 ✅#နီလာဒံပေါက်နဲ့အအေး 09 977223275 ၊ 09 977223276 ✅#ရသာမွန်ဒံပေါက် ၊ ထောပတ်ထမင်း 09 5096144 ၊ 09 8610569 ✅#ပြည့်ရတနာထောပတ်ထမင်း၊ ထမင်းဖြူ 09 420136987 ၊ 09 254112328 ✅#မင်္ဂလာကြိုင်ကြိုင် မြန်မာဒံပေါက် 09 420080494 ၊ 09 782080664 ✅#ကုသိုလ်မြန်မာဒံပေါက်၊ … Continue reading မင်္ဂလာပွဲအတွက် အစားသောက်ဝန်ဆောင်မှုလုပ်ငန်းများ